my_tn/rom/02/13.md

3.3 KiB

ဆက်စပ်မှုဖော်ပြချက်

ဘုရားသခင်၏ ပညတ်တော်ကို လုံးဝလိုက်လျှောက်ခြင်းသည် ဘုရားသခင်၏ ပညတ်တော်ကို မသိဖူးသောသူများကိုလည်း တောင်းဆိုကြောင်း စာဖတ်သူကို သိစေဖို့ရန် ရှင်ပေါလုက ဆက်လက်ရေးသားသည်။

အကြောင်းမူကား

အခန်းငယ် ၁၄ နှင့် ၁၅ သည် စာလက်ခံသူကို နောက်ထပ်အချက်အလက်ပေးဖို့အတွက် ရှင်ပေါလု၏ အဓိကငြင်းခုံချက် ဖြစ်သည်။

တရားနာသောသူသည် မဟုတ်

'တရား' ဟူသည် မောရှေ၏ ပညတ်တော်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ချက်မှာ၊ "မောရှေ၏ တရားကို ကြားရုံမျှသာကြားသောသူများ မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်

ဘုရား သခင်မှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူ။

တရားကို ကျင့်သောသူသာလျှင်

မောရှေ၏ ပညတ်တော်ကို လိုက်နာ စောင့်လျှောက်သောသူများသာ။

ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်

အခြားသောဘာ သာပြန်ချက်မှာ၊ "ဘုရားသခင် လက်ခံခြင်းကိုခံရသောသူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ ... မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏

သူတို့သည် ဘုရားသခင်၏ ပညတ်တရားတော်ကို အလိုလိုလိုက်လျှောက်သည် ဟုအဓိပ္ပါယ်ရှိသည်။ အခြားသောဘာသာပြန်ချက်မှာ၊ "ဘုရားသခင်၏ ပညတ်တရားတော်ကို သူတို့အထဲ၌ သိုထားကြသည်"

ပညတ်တရားတော်ကို မသိဘဲ

မောရှေ၏ ပညတ်တော်ကို ရည် ညွှန်းသည်။ အခြားသောဘာသာပြန်ချက်မှာ၊ "ဘုရားသခင်သည် မောရှေကို ပေးခဲ့သည့် ပညတ်တရားတော်ကို သူတို့သည် မသိကြ" (ရှု၊ rc://*/ta/man/translate/figs-explicit)