my_tn/rom/02/08.md

4.1 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအပိုင်းသည် ဘုရားတရားမရှိသော ဆိုးညစ်သောလူများကို ပြောသည့်စကားဖြစ်သော်လည်း၊ ရှင်ပေါလုသည် ဣသရေလလူနှင့် သရေလလူမဟုတ်သော သူနှစ်မျိုးစလုံးကို ဆိုးညစ်ကြောင်းဖော်ပြ၍ ခြုံငုံဖော်ပြသည်။

ငြင်းဆန်သောသဘော (ကိုယ်ကျိုးရှာဖွေသော)

ရှာဖွေခြင်း - "တကိုယ်ကောင်းဆန်သော" (UDB) သို့မဟုတ် "မိမိကို ပျော်ရွှင်စေသည့် အရာနှင့်သာ ပတ်သက်ခြင်း"

သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်ခြင်း

ဤစကားစုနှစ်ခုသည် အခြေခံအားဖြင့် တစ်ခုတည်းကိုဆိုသည်။ ဒုတိယသည် ပထမကို အထူးပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့

"အမျက်" နှင့် "ပြင်းစွာသောဒေါသ" သည် အခြခံအားဖြင့် တူညီသောအရာ၊ ဘုရားသခင်၏ ဒေါသကို အလေးပေးဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် သူ၏ ကြောက်မက်ဘွယ် ဒေါသကို ပြတော်မူမည်" (ရှု၊ rc://*/ta/man/translate/figs-doublet)

အမျက်

"အမျက်" ဟူသည့် စကားလုံးသည် ဆိုးညစ်သော သူများအတွက် ဘုရားသခင်၏ ပြင်းစွာသော အပြစ်ဒဏ်ကို ရည်ညွှန်းသည့် ကိုယ်စားပြု စကားလုံးဖြစ်သည်။

ဆင်းရဲဒုက္ခ

ဆင်းရဲဒုက္ခ နှင့် သောကဖိစီးမှုသည် အရင်းခံအားဖြင့် တူညီသောအရာကို ဆိုလိုပြီး ဘုရားသခင်၏ အပြစ်ဒဏ်မည်မျှပြင်းထန်မည်ကို အလေးပေးဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဆိုးရွားသော အပြစ်ဒဏ်ကျရောက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-doublet)

သူ ရှိသမျှ

ရှင်ပေါလုသည် "ဝိညာဉ်" ဟူသည့်စကားလုံးကို လူပုဂ္ဂိုလ်တစ်ခုလုံးကို ရည်ညွှန်းသည့် ကိုယ်စားပြုစကားလုံးအနေဖြင့်အသုံးပြုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "လူအယောက်တိုင်း အပေါ်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ဆိုးညစ်သောအမှုကို ပြု

ဆိုးညစ်သောအမှုများကို ဆက်လက်ပြုလုပ်နေသည်။

ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ

"ဘုရားသခင်သည် ရှေးဦးစွာ ယုဒလူများ၊ ပြီးနောက် ယုဒလူမဟုတ်သော သူများကို တရားစီရင်မည်"