my_tn/rom/02/03.md

4.4 KiB

But

N/A

ထင်မှတ်

ငါသင်တို့ကို ပြောမည့်အရာကို စဉ်းစားပါ။

သူ

လူသားတစ်ယောက်အတွက် ယေဘုယျ သုံးနှုန်းထားသောစကားလုံး "သင် မည်သူပင် ဖြစ်စေ"

ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ သင်သည်

ကိုယ်တိုင် ဆိုးညစ်သောအမှုကို ပြုလျက်ပင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ထိုက်တန်သည်ဟု သူတစ်ပါးကို ပြောသော သင်။

ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော

ဤမှတ်ချက်သည် အလေးပေးမှုကို ဖော်ပြရန် မေးခွန်းအသွင်ဖြင့် ဖော်ပြသည်။ ဒီမေးခွန်းကို လုံးဝအငြင်းဖော်ပြချက်အဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရှောင်လို့ ရမည်မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဘုရားသခင်၏ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော

ဤမှတ်ချက်သည် အလေးပေးမှုကို ဖော်ပြရန် မေးခွန်းအသွင်ဖြင့် ဖော်ပြသည်။ ဒီစကားကို ခိုင်မာသော ဖော်ပြချက်တစ်ခုဖြင့် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်၏ ကောင်းမြတ်မှု၊ လူများကိုအပြစ်ပေးဖို့ရန် ကြာရှည်စွာ စောင့်ဆိုင်းမှုက အရေးမကြီးပါ ဟုဆိုကာ သူ၏ ကောင်းမြတ်မှုက သူတို့ကို နောင်တရစေအောင် သင်တို့ မပြုမူသင့်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်း...တို့ကို မထီမဲ့မြင်ပြု

ကြွယ်ဝမှုများကို စဉ်းစားပါ၊ စိတ်ရှည်တော်မူခြင်း အရေးမကြီးပါ သို့မဟုတ် မကောင်းဘူးဟု စဉ်းစားကြည့်ပါ။

ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်နေသလော?

ဤမှတ်ချက်သည် အလေးပေးမှုကို ဖော်ပြရန်မေးခွန်းအသွင်ဖြင့် ဖော်ပြသည်။ ဒီစကားကို ခိုင်မာသော ဖော်ပြချက်တစ်ခုဖြစ်ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင် နောင်တရဖို့ အလိုငှာ ဘုရားသခင်သည် သူကောင်းမြတ်တော်မူကြောင်းကို ပြသခြင်းဖြစ်သည်ကို သင်သိရမည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)