my_tn/rom/02/01.md

5.3 KiB

ဆက်စပ်မှုဖော်ပြချက်

လူသားများအားလုံးသည် အပြစ်သားများဖြစ်ကြောင်းကိုရှင်ပေါလုသည် အခိုင်အမာပြောဆို၍၊ လူများအားလုံးသည် ဆိုးညစ်ကြောင်း ဆက်လက်၍ အသိပေးခြင်းဖြစ်သည်။

သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ

"ထို့ကြောင့်" ဟူသည့်စကားလုံးသည် စာစောင်၏အပိုင်းအသစ်ကိုဖော်ပြသည်။ အခန်း ၁: ၃၂ တွင် ပြောထားသည့်အကြောင်း၏ နိဂုံးဖော်ပြချက်လည်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် ဆက်လက်၍ အပြစ်ပြုလုပ်သောသူများကို အပြစ်ပေးမည် ဖြစ်သဖြင့် သင့်အပြစ်ကိုလည်း လွှတ်ပေးမည်မဟုတ်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်သည်

ရှင်ပေါလုသည် သူနှင့် ငြင်းခုံနေသော ဣသရေလလူမျိုးတစ်ယောက်ကို ပြောနေသည့်အလား ဤစာကို ရေးနေခြင်းဖြစ်သည်။ ဣသရေလ လူဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ ဆက်လက်၍ အပြစ်ပြုလုပ်သူကို ဘုရားသခင်သည် အပြစ်ပေးမည်ဖြစ်ကြောင်း သူ့စာစောင်လက်ခံသူများကို သင်ပေးဖို့ရန် ဤသို့ ပြုလုပ်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-apostrophe)

သင်

ဤနေရာတွင် "သင်" သည် ဧကဝုစ် (အနည်းကိန်း) ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

သူတပါးကို စစ်ကြောစီရင်တတ်သောသူ သင်သည်

ရှင်ပေါလုသည် "သင်" ဟူသည့် စကားလုံးကို ဘုရားသခင်ကဲ့သို့ ပြုမူနိုင်သည်ဟု ထင်ပြီး သူတစ်ပါးကိုတရားစီရင်တတ်သည့် မည်သူ့ကိုမဆို အပြစ်တင်ရန် သုံးနှုန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင်သည် ကိုယ်တိုင်လူသားဖြစ်လျက်ပင် တစ်ပါးသူများကို တရားစီရင်သောကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ကိုခံထိုက်ကြောင်း ပြောသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏

သူတို့လိုပဲ ဆိုးညစ်သောအမှုများကို ပြုလုပ်သောကြောင့် သင်သည် ကိုယ့်ကိုသာ တရားစီရင်ရာရောက်၏။

ဒါပေမယ့် ငါတို့သိကြ၏

"ငါတို့" ဟူသည့် နာမ်စားတွင် ခရစ်ယာန်ယုံကြည်သူများနှင့် ခရစ်ယာန်မဟုတ်သည့် ဣသရေလလူမျိုးများလည်း ပါဝင်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်

ဘုရားသခင်၏ စီရင်တော်မူခြင်းကို လက်ရှိ လူများအပေါ် "ကျရောက်" နိုင်သည့်အလား ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် ထိုသူများကို မှန်ကန်စွာနှင့် တရားမျှတစွာ တရားစီရင်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-personification)

ထိုသို့ပြုသောသူတို့

ထိုဆိုးညစ်သော အမှုကို ပြုလုပ်သောသူများ