my_tn/psa/140/009.md

3.1 KiB

မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ (သူတို့ခေါင်းများကို မြှောက်ကြသောကြောင့် ဤသို့ဆိုခြင်းဖြစ်သည်)

မောက်မာခြင်းလက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်။ ။မောက်မာသည်။ (ရှု: rc://*/ta/man/translate/translate-symaction)

မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော

ဘုရားသခင်သည် မကောင်းသောသူများအား သူတို့ပြောသည့်စကားများဖြင့် ဖြစ်စေကြသောပြဿနာများ၏ဆိုးကျိုးကို ပြန်လည်ခံစားစေဖို့ရန် ဆုတောင်းချက်ဖြစ်သည်။

မိမိတို့မြွက်ဆိုသော မကောင်းကျိုး

သူတို့ပြောသောစကားအားဖြင့် ဖြစ်စေကြသော ပြဿနာ။ (ရှု: rc://*/ta/man/translate/figs-metaphor)

လွှမ်းမိုး

နောက်ထပ်ပြဿနာမလုပ်တော့အောင် ရပ်တန့်ဖို့။ (ရှု: rc://*/ta/man/translate/figs-metaphor)

မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော မီးထဲသို့၎င်း၊

မီးဟူသည့် ပုံရိပ်သည် မတရားသောသူများအား ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-metaphor)

နက်သောတွင်း

မရဏာ (ငရဲ)၊ သေသောသူတို့၏နေရာ ကိုဆိုလိုခြင်းဖြစ်နိုင်သည်။

ကဲ့ရဲ့တတ်သောသူ

အကြောင်းမရှိဘဲ အခြားသူများမကောင်းကြောင်းပြောသောသူများ။ (ရှု: rc://*/ta/man/translate/figs-idiom)

မြေပေါ်မှာ နေရာ မမြဲ ပါစေနှင့်

ဤဘဝတွင် မလုံခြုံပါစေနှင့်။

ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော

ဘေးဥပဒ် သည် တစ်စုံတစ်ယောက်ကို လက်စားချေနိုင်သောလူပုဂ္ဂိုလ်အလား ပြောဆိုထားသည်။ (ရှု: rc://*/ta/man/translate/figs-personification)