my_tn/psa/108/007.md

3.4 KiB
Raw Permalink Blame History

သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်

ဤတွင် ဒါဝိဒ်က ဘုရားသခင်သည်သန့်ရှင်းသောကြောင့် ၎င်းကိုတိုင်တည်၍ စကားပြောကြောင်းကို ခံန္ဓာကိုယ်ပိုင်းဆိုင်ရာ၌လည်း သန့်ရှင်းကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်သည် သန့်ရှင်းကြောင်းကို ပြောဆိုထားသည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)

ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည်။

ဤတွင် ဘုရားသခင်သည် ရှေခင်မြို့နှင့် သုကုတ်မြို့ ၏ နယ်မြေကို ခွဲဝေပေးကြောင်းကို ပြောဆိုထားပါသည်။

ငါပိုင်ရ၏

ပိုင်ဆိုင်သောအရာကို ခွဲဝေပိုင်းခြားသည်။

ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏ အစွမ်းဖြစ်ရ ၏။

ဘုရားသခင်သည် ဧဖရိမ်အမျိုးကို သူ့တပ်သားကဲ့သို့ ပြောဆိုထားပါသည်။ ဦးခေါင်းဟူသည်မှာ စစ်ပွဲ့အတွက် ပြင်ဆင်ခြင်းကို ပုံ‌ဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဧဖရိမ်သည် ငါရွေးကောက်သော ဦးခေါင်းကဲ့သို့ ဖြစ်သည်" သို့မဟုတ် "ဧဖရိမ်အမျိုးသည် ငါ၏ဗိုလ်ခြေဖြစ်သည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)

ငါ့ဦးခေါင်း

စစ်သားများက ထိခိုက်ဒဏ်ရာမှ လွတ်ကင်းစေရန် ခက်ခဲစွာ ဝတ်ဆင်ထားသည့် ဦးထုတ်ဖြစ်သည်။

ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။

ဘုရားသခင်သည် ယုဒအမျိုးထဲမှ ရှင်ဘုရင်အဖြစ်ရွေ့ချယ်ပြီး ထိုလူမျိုးကို သူ့လွတ်တော်ကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယုဒအမျိုးသည် ငါ၏လွတ်တော်ကဲ့သို့ဖြစ်သည်" သို့မဟုတ် "ယုဒအမျိုးအားဖြင့် ငါ့လူမျိုးကို အုပ်စိုးစေသော အရာဖြစ်သည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)