my_tn/psa/108/005.md

3.3 KiB

ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။

ဆာလံဆရာက သူသည်ထာဝရဘုရားကိုချီးမြောက်ကြောင်းပြသပြောဆိုထားပါသည်။ ကောင်းကင်အထက်၌ ချီးမြောက်ခြင်းဟူသည် သူ၏ကြီးမြတ်ခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် ကောင်းကင်အထက်တွင် ကြီးမြတ်တော််မူကြောင်းကို ပြသသည် သို့မဟုတ် ဘုရားသခင်သည် ကောင်းကင်ထက် သာ၍ကြီးမြတ်သောသူဖြစ်ကြောင့်ကို ပြသခဲ့သည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)

ဘုန်းတော်လွှမ်းမိုးပါစေသတည်း။

ဤတွင် ထာဝရဘုရားသည် သူ့ဘုန်းတော်ကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် ဘုန်းကြီးတော်မူစေသတည်း။" ( ရှု - rc://*/ta/man/translate/figs-metonymy)

ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ချမ်းသာမူကို လိုအပ်နေသောသူများကြောင့်" သို့မဟုတ် "ချစ်တော်မူသောသူကို ကယ်တင်တော်မူသည်။" ( ရှု - rc://*/ta/man/translate/figs-activepassive)

လက်ျာ လက်ရုံးတော်အားဖြင့်

ဤတွင် ဘုရားသခင်၏ "လက်ရုံးတော်" ဟူသည်မှာ သူ့ဘုန်းကို ရည်ညွန်းထားပါသည်။ အခြားသောဘာပြန်ဆိုချက် - "ကိုယ်တော်၏ ဘုန်းတန်ခိုးအားဖြင့်" ( ရှု - rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်စကားကို နားထောင်၍၊

ဤတွင် စကားကိုနားထောင်သည် ဟူသောအရာမှာ သူတောင်းလျှောက်သောအရာကို တုံပြန်မူဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါတောင်းလျှောက်ချက်ကို နားထောင်တော်မူသည်" သို့မဟုတ် "ငါ့ဆုတောင်းချက်ကို အဖြေပေးသည်။" ( ရှု - rc://*/ta/man/translate/figs-metonymy)