my_tn/psa/108/001.md

3.7 KiB

ယေဘုယျအချက်အလက်

ပြိုင်တူနှိုင်းယှဉ်ချက်သည် ဟေဗြဲကဗျာ၌ အများသုံးတွေ့ရသည့်အရာဖြစ်သည်။ ( ရှု - [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])

ဒါဝိဒ်၏ ဆာလံ

ဖြစ်နိုင်သောအဓိပ္ပယ်များမှာ - ၁ ) ဒါဝိဒ်သည်ဆာလံကျမ်းကိုရေးသားခဲ့သည် သို့မဟုတ် ဆာလံသည် ဒါဝိဒ်အကြောင်းဖြစ်သည် သို့မဟုတ် ဆာလံသည် ဒါဝိဒ်၏ ဆာလံကဲ့သို့ ပုံစံဖြစ်သည်။

အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။

ဤတွင် ဒါဝိဒ်က သူ့နှလုံးသားကို ရည်ညွန်းထားပါသည်။ ‌နောက်ပြီး တည်ကြည်သည် ဟူသောစကားလုံးသည် လုံးလုံးလျားလျား ယုံကြည်ကိုးစားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါ့နှလုံးသားသည် ထာဝရဘုရား၌ တည်ကြည်ပါသည်" သို့မဟုတ် "ငါသည် ထာဝရဘုရား၌ လုံးလုံးလျားလျား ကိုးစားပါသည်။" ( ရှု - [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-idiom]])

ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။

ဤတွင် ဒါဝိဒ်က သူ့ကိုသူ ထာဝဘုရားသခင်အား ရိုသေမူပြုခြင်းကို ရည်ညွန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် ချီးမွမ်းသီချင်းဆိုရန် ခွင့်ပေးထားသည်" ( ရှု - rc://*/ta/man/translate/figs-synecdoche)

တယောနှင့် စောင်းတို့၊ နိုးကြလော့။

ဤတွင် ဒါဝိဒ်က တူရိယာတီးခြင်းကို အိပ်ရာမှ နို့ထခြင်းကဲ့သို့ ဖြစ်ကြောင့်ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါသည် တယောနှင့် စောင်းကိုတီးခြင်းအားဖြင့် ကိုယ်တော့်ကို ချီးမွမ်းပါမည်။" ( ရှု - rc://*/ta/man/translate/figs-personification)

ငါလည်း စောစောနိုးမည်။

ဒါဝိဒ်က စောစောနိုးထခြင်းကို လူတစ်ယောက်သည် မနက်စောစောနိုးထသကဲ့သို့ ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "မနက်စောစော နိုးပြီး ကိုယ်တော့်ကို ချီးမွမ်းပါမည်" ( ရှု - rc://*/ta/man/translate/figs-personification)

စောစော

နေထွက်လာသောအခါ