my_tn/psa/104/001.md

5.5 KiB

ယေဘုယျအချက်အလက်

ပြိုင်တူနှိုင်းယှဉ်ချက်သည် ဟေဗြဲကဗျာ၌ အများသုံးတွေ့ရသည့်အရာဖြစ်သည်။ ( ရှု - [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])

အို ငါ့ဝိညာဉ်

ဤစကားစု၏ ဆိုလိုရင်းမှာ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွမ်းမဲ့ နှင့် ချီးမွမ်းမည်ဖြစ်ကြောင်းနှင့် သူ၏အသက်တာဆက်ကပ်ခြင်းကိုအထူးပြုသောအနေဖြင့် အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါ့အထဲ၌ ရှိသမျှတို့" (သို့ ) "ငါစိတ်နှလုံးအားဖြင့်" ( ရှု - rc://*/ta/man/translate/figs-metonymy)

ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ၏။

"အနုဘော်" နှင့် "ဘုန်းတန်ခိုး" ဟူသောစကားလုံးသည် ထာဝရဘုရား၏ ဘုန်းတော်ကြီးမြတ်ခြင်းကို အထူးပြုစေသော ဆင်တူစကားလုံးများရှိကြသည်။ ထိုအရာများကို ဘုရားသခင်သည် အဝတ်ကို ဆင်ယင်သကဲ့သို့ ဖောပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် ဘုန်းတန်ခိုးအနု‌ဘော်နှင့် ပြည့်စုံ၍ တန်ဆာဆင်တော်မူ၏။" ( ရှု - [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metaphor]])

အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊

ထာဝရဘုရားက အလင်းသည် အဝတ်နှင့် နှင့် ဖုံးလွမ်းထားသကဲ့သို့ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်‌တော်သည် အလင်းနှင့်ဖုံးလွမ်း‌တော်မူ၏။" ( ရှု - rc://*/ta/man/translate/figs-simile)

မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊

ဤတွင် ဘုရားသခင်သည် မိုယ်းကောင်းကင်ကို တစ်စုံတစ်ယောက်သည် တဲ ကို အခြေချသောအရာကဲ့သို့ မျက်နာကြက်ဖြင့် ဖြန်းထားကြောင့် ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "တစ်စုံတစ်ယောက်သည် တဲ ကိုတည်ဆောက်ပြီး ဖြန့်သကဲ့သို့ ကိုယ်‌တော်သည် မိုးကောင်းကင်ကို ဖြန်းကြက်ထားကြောင့်ဖော်ပြထားပါသည်။" ( ရှု - rc://*/ta/man/translate/figs-simile)

နေတော်မူရာအထက်ခန်း၊ မိုဃ်းတိမ်ရထားကို စီး၍၊

ကိုယ်တော်သည် အထက်ကောင်းကင်၌ အခန်းများကိုလည်း တည်ဆောက်တော််မူ၏။ ဤအရာက သူ့အိမ်သည် မြင့်မားပြီး အထက်အမိုးတို့သည် မိုးတိမ်သို့ တိုင်အောင် စီးကြောင့် ကို ရည်ညွန်းထားပါသည်။

မိုဃ်းတိမ်ရထားကို စီး၍၊

ဤတွင် မိုးတိမ်များကို ထာဝရဘုရားသည်တိမ်ရထားစီးသကဲ့သို့ ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် ရထားကဲ့သို့ မိုးတိမ်များကို သယ်ဆောင်သွားသည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)

လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊

ဤတွင် လေတိုက်ခြင်းကို လေအပေါ် ၌ လျှောက်သော ထာဝရဘုရားကဲ့သို့ ‌ဖော်ပြထားပါသည်။ အခြားသောဘသာပြန်ဆိုချက် - "ကိုယ်‌တော်သည် လေများပေါ် ၌ သွားလာတော်မူသည်။" ( ရှု - rc://*/ta/man/translate/figs-metaphor)