my_tn/psa/089/046.md

4.6 KiB

အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း

စာရေးသူက ထာဝရဘုရားသည် ဘုရင်အား ငြင်းဆိုခြင်း မပြုရန် တောင်းပန်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သနားတော်မူသောအားဖြင့် ထာဝရဘုရားသည် ဘုရင်မင်းအား ငြင်းပယ်မမူပါနှင့်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ပုန်း၍ နေတော် မူမည်နည်း

ဘုရင်မင်းမြတ်အား မကူညီသော ဘုရားသခင်ကို ပုန်းကွယ်၍နေသည်ဟု ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ဘုရင်မင်းအား ကူညီရန် ငြင်းဆိုမည်လော" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း

စာရေးသူသည် ဘုရားသခင်အား ဆက်လက်၍ စိတ်ဆိုးတော်မမူရန် ဆန္ဒရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမျက်တော် အစဉ်မပြတ် ထွက်နေမည်လော" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အမျက်တော်သည် မီးကဲ့သို့ လောင်နေ

ဘုရားသခင်သည် အမျက်ထွက်တော်မူသည့်အခါ မီးကဲ့သို့ တောက်လောင်နေသည် (ရှု၊ rc://*/ta/man/translate/figs-simile)

အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း

"အချည်းနှီး" ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် အကျိုးမဲ့စွာ ဖန်ဆင်းထားသည့် လူသားကို သေစေခဲ့ပြီ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

လူသားအပေါင်းတို့

လူသားကို ရည်ရွယ်သည်။ ပြန်ဆို၊ "လူသား" သို့မဟုတ် "လူမျိုး" (ရှု၊ rc://*/ta/man/translate/figs-gendernotations)

သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း

လူသားတိုင်း သေမျိုးဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသားသည် ကာလအစဉ် အသက်ရှင်မည်မဟုတ် သို့မဟုတ် သေပြီးသူသည် ပြန်၍ ရှင်မလာပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူ

အခြားပြန်ဆိုချက်များတွင် "လက်" ကိုသုံးသည်။ မရဏ၏ လက်မှ မည်သူမျှ လွှတ်ထုံးမရှိ။ ဖြစ်နိုင်ချေများမှာ (၁) သေပြီးသူသည် ပြန်၍ ရှင်လာရိုးမရှိ သို့မဟုတ် (၂) လူသည် သေခြင်းနှင့် ကင်းလွတ်ခွင့် မရှိ။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-personification]])