my_tn/psa/086/010.md

3.8 KiB

အံ့ဩဘွယ်တို့ကို ပြုတော်မူ၏

"ကျွန်ုပ်ကို အံ့သြမှင်တက်စေသော ကောင်းသည့်အရာများ"

ကိုယ်တော်တပါးတည်းသာလျှင် ဘုရား သခင်ဖြစ်တော်မူ၏

"ဘုရားတစ်ပါးတည်းဖြစ်နေထသည့် ကိုယ်တော်"

ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာ တရားလမ်းသို့ လိုက်သွားပါမည်

ဘုရား၏ စကားတော်ကို နာခံသောသူသည် ဘုရား၏ လမ်းအတိုင်း လိုက်လျှောက်သူဖြစ်သည်ဟု ဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ကိုယ်တော်၏ တရားတော်ကို သွန်သင်ပါ။ သို့မှသာ ကိုယ်တော်ပြောသည့်အရာကို နာခံနိုင်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

နာမတော်ကို ကြောက် ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော် မူပါ

"နှလုံး" သည် လူတစ်ယောက်၏ အကြံအစည်၊ ခံစားချက် နှင့် စိတ်ရင်း အခြေအနေကို ဆိုလိုသည်။ နှလုံးတို့သည် အစိတ်စိတ် အမွှာမွှာဖြစ်လျက် ရိုသေခြင်းအမှုကို ပြုနိုင်ရန် ထိုအရာတို့ကို စုစည်းပေးပါဟု အဓိပ္ပါယ်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ စိတ်နှလုံးဖြင့် အကြွင်းမဲ့ ရိုသေနိုင်ရန်အတွက် ပဲ့ပြင်ပါ" သို့မဟုတ် "စိတ်နှလုံးအကြွင်းမဲ့ ရိုသေနိုင်ရန် ကျွန်ုပ်အား ဖန်ဆင်းတော်မူပါ" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-metaphor]])

အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍

"နှလုံး" သည် လူတစ်ယောက်၏ အကြံအစည်၊ ခံစားချက် နှင့် စိတ်ရင်း အခြေအနေကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် အကြွင်းမဲ့စွာဖြင့် ကိုယ်တော့်ကို ချီးမွမ်းပါမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်

"နာမတော်" သည် လူပုဂ္ဂိုလ်တစ်ခုလုံးကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းပါမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)