my_tn/psa/085/010.md

4.2 KiB

ကရုဏာနှင့်သစ္စာဆုံမိပြီ

(၁) ဘုရားသခင်သည် သူ၏ ကတိတော်အတိုင်း အမှန် လုပ်ဆောင်မည်ဖြစ်သဖြင့် သစ္စာစောင့်သိသည်၊ သို့မဟုတ် (၂) ဘုရားသခင်သည် သစ္စာစောင့်သိရသည်မှာ သူ၏ ကတိတော်နှင့် လူမျိုးတော်တို့သည် ကျေးဇူးတရားသိတတ်ခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ဂရုဏာတော်နှင့် သစ္စာဟူသော ပုဂ္ဂိုလ်နှစ်ဉီးတို့်သည် ဆုံမိကြပြီ (ရှု၊ [[rc:///ta/man/translate/figs-personification]] နှင့် [[rc:///ta/man/translate/figs-abstractnouns]])

ဆုံမိပြီ .... တပါးကို တပါးနမ်းကြပြီ

စာရေးသူသည် နောင်လာမည့် အချိန်တွင် လူမျိုးတော်များ ချမ်းသာစည်းစိမ် ပိုင်ဆိုင်မည့်အကြောင်း ကြိုတင်ဟောကြားခြင်း ဖြစ်နိုင်သည်။ ပြန်ဆို၊ "ဆုံမိကြလိမ့်မည်... တပါးကို တပါး နမ်းကြလိမ့်မည်"

တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ

(၁) လူမျိုးတော်တို့သည် ကောင်းသောအမှုကို ပြုသဖြင့် ဘုရားသခင်သည် ငြိမ်သက်ခြင်းကို ပေးမည် သို့မဟုတ် (၂) ဘုရားသခင်သည် ကရုဏာတော်ပြ၍ လူမျိုးတော်တို့အား ငြိမ်သက်အေးချမ်းစွာ နေထိုင်စေမည်။ မည်သို့ပင်ဆိုစေ၊ တရားမျှတခြင်းနှင့် ငြိမ်သက်ချမ်းသာခြင်း ပုဂ္ဂိုလ်နှစ်ဉီးသည် နမ်းရှုံ့ကြပြီ (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-abstractnouns]])

တပါးကို တပါးနမ်းကြပြီ

ရင်းနှီးသူများ ဆုံမိသည့်အချိန်တွင် ပြုလေ့ရှိသည့် အမူအရာ

သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်

ကမ္ဘာပေါ်ရှိ လူသားများ သစ္စာရှိကြခြင်းကို စိုက်ပျိုးထားသော အပင် ပေါက်လာသည့်အလား ခိုင်းနှိုင်းရေးသားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤမြေပေါ်တွင် ကျွန်ုပ်တို့သည် ကိုယ်တော့်ထံသို့ သစ္စာရှိပါမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်

တရားမျှတခြင်းသည် လူပုဂ္ဂိုလ်အလား ဘုရားသခင် နေရာမှ ကြည့်ရှုနေခြင်းကို ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် စိတ်ကြည်နူးစွာ ကြည့်၍ အောင်မြင်ခြင်းကို ပေးမည်" (ရှု၊ [[rc:///ta/man/translate/figs-personification]] နှင့် [[rc:///ta/man/translate/figs-abstractnouns]])