my_tn/psa/074/020.md

2.8 KiB

ယေဘုယျ အချက်အလက်

အာဟတ်သည် ဘုရားသခင်ထံဆက်လက်၍ ငိုကြွေးသည်။

မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏

၎င်းနေရာများသည် ပုံးဖြစ်၍ မှောင်မှိုက်မှုများကို ထည့်၍ရကဲ့သို့ အာဟတ်ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။မြေကြီးပေါ်တွင် ကြမ်းကြုတ်သောလူများသည် ဆိုးညစ်သောအမှုများကို မှောင်မှိုက်သောအရပ်များတွင်ပြုလုပ်ကြသည်။ (ရှု: rc://*/ta/man/translate/figs-metaphor)

မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့

'မှောင်မှိုက်' သည် ဆိုးညစ်သောအရာများဖြစ်ပျက်ရာနေရာ သို့မဟုတ် ဣသရေလလူများ တိုင်းပြည်မှထွက်ခွာ၍ နေသောပြည်လည်းဖြစ်နိုင်သည်။ (ရှု: rc://*/ta/man/translate/figs-metaphor)

နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါ စေနှင့်

မိုက်မဲသောလူများသည် ဖိနှိပ်ခံလူများကို နိုင်၍ အရှက််ကွဲစေခြင်းကို အခွင့်ပေးတော်မမူပါနှင့်။

နှိပ်စက်ခြင်းကို ခံရသောသူတို့

အာဏာရှိသောသူများက ရက်စက်စွာဆက်ဆံခံရသောလူများဖြစ်သည်။

ဆင်းရဲငတ်မွတ်သောသူတို့

'ဆင်းရဲ' နှင့် 'ငတ်မွတ် (ဖိနှိပ်ခံ)' တို့သည် အဓိပ္ပါယ်ချင်းတူ၍ လိုအပ်သောသူများစွာကို ထာဝရဘုရားသည် ကယ်တင်တော််မူကြောင်း လေးနက်စေသည်။ အခန်း ၃၅:၉ ဘာသာပြန်ပုံကိုကြည့်ရန်။ (ရှု: rc://*/ta/man/translate/figs-doublet)