my_tn/psa/074/012.md

3.7 KiB

ယေဘုယျ အချက်အလက်

ခေါင်းစဉ်အသစ်ကိုအစပြုသည်။ အာဟတ်သည် သူ့လူများ၏သမိုင်းတွင် ဘုရားသခင်ပြု‌ခဲ့သော ကြီးမားသောအမှုများကို ပြောပြသည်။

အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ၍၊ ... ငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) အာဟတ်သည် ဣသရေလနိုင်ငံ၏ကိုယ်စားပြုတစ်ယေက်အား 'ငါတို့နိုင်ငံဖြစ်လာကတည်းက ဘုရားသခင်သည် ငါတို့၏ဘုရင်ဖြစ်တော််မူသည်' ဟု ပြောဆိုသည်၊ ၂) ငါတို့ရှင်ဘုရင် ဘုရားသခင်သည် ရှေးခေတ်ကပင် အသက်ရှင်သောဘုရားဖြစ်သည်။

ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသော

လူများကို ကယ်တင်ခြင်း။ (ရှု: rc://*/ta/man/translate/figs-abstractnouns)

ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ

အာဟတ်သည် ဘုရားသခင်က ဣသရေလလူများကို အဲဂုတ္တုပြည်မှ ယူဆောင်စဉ်၊ ပင်လယ်ကို နှစ်ခြမ်းကွဲစေ၍ သူတို့ကို ခြောက်သွေ့သောမြေပေါ်တွင် သွားစေ၍ သူတို့နောက်လာသော ဖာရောဘုရင်၏လူများကို ရေတွင်နစ်စေသောအချိန်ကို ပြောနေခြင်းဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-explicit)

ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ

ဘုရားသခင်တွင် ကိုယ်ခန္ဓာရှိသကဲ့သို့ အာဟတ် ပြောဆိုသည်။ ကိုယ်တော််သည် ပင်လယ်အလယ်မှာပင် မြေကိုခြောက်သွေ့စေနိုင်အောင် တန်ခိုးကြီးမားသည်။ (ရှု: rc://*/ta/man/translate/figs-personification)

ပင်လယ်

ကြီးမာသောရေ။

ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။

အာဟတ်က ဖာရောဘုရင်နှင့်သူ့လူများကို အကောင်းဆိုးဝါးကြီးများကဲ့သို့‌ ပြောဆိုခြင်းဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ဖာရောဘုရင်၏တပ်ကို သင်သတ်သည်မှာ ပင်လယ်ရှိကြီးမားဆိုးဝါးသောသတ္တဝါကြီးကို သတ်သကဲ့သို့ပင်ဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-metaphor)