my_tn/psa/069/010.md

3.2 KiB

အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်

စာရေးသူ အစာရှောင်သည် ဟူသည်မှာ ဘုရားသခင်၏ဗိမာန်တော်ကို လူများသည်ကဲ့ရဲ့ကြသောကြောင့်သူ၏ ဝမ်းနည်းမှုကို ဆိုလိုသည်။ (ရှု: [[rc:///ta/man/translate/translate-symaction]] and [[rc:///ta/man/translate/figs-explicit]])

ကဲ့ရဲ့ခြင်းကို ခံရပါ၏

ကျွန်ုပ်ရန်သူများသည် ထိုအကြောင်းကြောင့် ကျွန်ုပ်ကို ကဲ့ရဲ့ကြသည်။

လျှော်တေအဝတ်ကို ဝတ်သောအခါ

ကြမ်းတမ်း၍၊ စျေးနိမ့်သောအဝတ်ကို ဝတ်ခြင်းသည် အပြစ်ကြောင်း ဝမ်းနည်းခြင်း၏ လက္ခဏာဖြစ်သည်။ (ရှု: rc://*/ta/man/translate/translate-symaction)

သူတို့သည် သရော်တတ်ကြပါ၏

စာရေးသူက သူသည် စကားပုံထဲက အရူးကဲ့သို့ဖြစ်လာကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။စကားပုံများတွင် ပြောထားသည့် ဝမ်းနည်းသည့်သူတစ်ယောက်၏ ဥပမာကဲ့သို့ အကျွန်ုပ်ဖြစ်လာသည်၊ သို့မဟုတ် သူတို့သည် ကျွန်ုပ်ကိုလှောင်ရယ်ကြသည်။ (ရှု: rc://*/ta/man/translate/figs-metaphor)

ရုံး၌ ထိုင်သောသူတို့

'ရုံး' သည် မြို့ကိုဦီးဆောင်သောသူများနှင့် သက်ဆိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်။ ။မြို့ရှိ အ‌ရေးပါသောလူများ။ (ရှု: rc://*/ta/man/translate/figs-metonymy)

သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏

စာရေးသူက အရက်သမားများသည် သူ့ကိုအကြောင်းပြု၍ လှောင်ရယ်သောသီချင်းဆိုများကြကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။မြို့ရှိ အရက်သမားများသည် အကျွန်ုပ်ကို အကြောင်းပြု၍ ရွံရှာဘွယ်သောသီချင်းများဆိုကြသည်။ (UDB) (ရှု: rc://*/ta/man/translate/figs-metaphor)