my_tn/psa/062/009.md

2.6 KiB

အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏

ချမ်းသာကြွယ်ဝမှု နှင့် အရေးပါမှုအလိုက်လူတန်းစားအလွှာအားလုံးကိုဆိုလိုခြင်းဖြစ်သည်။ 'အနတ္တ' နှင့် 'မုသာ' တို့သည် အဓိပ္ပါယ်ဆင်တူသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။မည်မျှပင်အရေးပါသောသူဖြစ်စေ၊ မည်သည့်လူကိုမျှ သင်တို့သည် မယုံကြည်ထိုက်ပါ။ (ရှု: [[rc:///ta/man/translate/figs-merism]] and [[rc:///ta/man/translate/figs-parallelism]])

ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏

ဤလူများအားလုံးကို ချိန်ခွင်တွင်ချိန်လျှင်၊ သူတို့သည် အလေးချိန်ရှိမည်မဟုတ်ပါ။ သူတို့သည် သင်တို့အတွက် စစ်မှန်သော တန်ဖိုး မရှိခြင်းကိုဆိုလိုသည်။

ညှဉ်းဆဲခြင်း ... အနိုင်အထက်လုယူ

ဤစကားလုံးနှစ်ခုသည် အဓိပ္ပါယ်အတူတူဖြစ်သည်။ အခြားလူများထံမှလုယူရရှိသော ငွေကို သင်တို့ယုံကြည်စိတ်ချမှု မရှိနိုင်ပါ။ (ရှု: rc://*/ta/man/translate/figs-doublet)

ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။

'စိတ်စွဲလမ်းခြင်း' သည် တစ်စုံတစ်ခုကို ကြီးစွာလိုချင်တောင့်တခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။သူတို့ကို လိုချင်သောစိတ်မရှိနှင့်။ (ရှု: rc://*/ta/man/translate/figs-idiom)