my_tn/psa/061/004.md

2.1 KiB

အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်

အကွယ်အကာယူဖို့ရန် ထာဝရဘုရားထံသို့သွားခြင်းကို သူ၌ခိုလှုံသည် ဟုဆိုသည်။ ကြက်မသည် ကြက်ပေါက်လေးများကို အတောင်အောက်တွင်ဝှက်၍ ကွယ်ကာသကဲ့သို့ ထာဝရဘုရား၏ကွယ်ကာခြင်းကို ဒုတိယတင်စားမှုတွင် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ကြက်ပေါက်လေးသည် ကြက်မ၏အတောင်အောက်တွင် ပိုလုံခြုံသကဲ့သို့ ကိုယ်တော်ထံသို့ အကွယ်အကာယူဖို့လာကြပါ။ (ရှု: rc://*/ta/man/translate/figs-metaphor)

အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်

စာရေးဆရာသည် ဘုရားသခင်၏ကောင်းကြီးများကို သူရရှိသော အမွေကဲ့သို့ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းကြီးပေးတော်မူပြီ။ (ရှု: rc://*/ta/man/translate/figs-metaphor)

နာမတော်ကို ကြောက်ရွံ့သောသူ

'နာမတော်' သည် ဘုရားသခင်ကို ဆိုုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ကိုယ်တော်ကိုရိုသေသောသူ' သို့မဟုတ် 'ကိုယ်တော်ကို ကောင်းစွာရိုသေသောသူ။' (UDB) (ရှု: rc://*/ta/man/translate/figs-metonymy)