my_tn/psa/058/009.md

3.7 KiB

ဆူးပင်နှင့်မွှေးသောမီးပူမှန်းကို ..... တိုက်သွားပါစေသော်

မတရားသောသူများသည် ဆူးခြုံပင်များကဲ့သို့ ဘုရားသခင်မှ အဝေးသို့လျင်မြန်စွာ သိမ်းဆည်းလွှင့်ပစ်ခြင်းဖြင့် အပြစ်ပေးရန် ပြောပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ဘုရားသခင်သည် မိုက်မဲသူများအား လျင်မြန်စွာ အပြစ်ပေးရန်မှာ အိုးများနှင့် ချက်ပြုတ်ခြင်းမတိုင်မီ ဆူးခြုံများအား လေပွေတိုက်သကဲ့သို့ ဖျက်ဆီးလိမ့်မည်ဟု ပြောပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်

ဒါဝိဒ်သည် ဘုရားသခင်၏ လူများကို စကားပြောနေသည်။

ဆူးပင်

ဆူးခြုံများ

ဖြောင့်မတ်သောသူတို့သည် .... လိမ့်မည်

ဖြောင့်မတ်သောသူဟူသည် သာမန်ဖြောင့်မတ်သူများကို ရည်ညွှန်းသည်။ (အခြားသောဘာသာပြန်ဆိုချက်) ဖြောင့်မတ်သူများသည် သူတို့ကို မြင်၍ ဝမ်းမြောက်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-genericnoun)

မတရားသောသူတို့၏ .... ဆေးပါလိမ့်မည်

ခြေတလှမ်းခြင်းသွေးပေါ်၌ လျှောက်ခြင်းကို သွေးဖြင့် ခြေဆေးသည်ဟု ပြောပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ဖြောင့်မတ်သောသူသည် သူ၏ခြေကို မတရားသောသူ၏ သွေးဖြင့်ဆေးပါလိမ့်မည် (သို့) ဖြောင့်မတ်သောသူသည် မတရားသောသူတို့၏ သွေးပေါ်၌ လမ်းလျှောက်လိမ့်မည် (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-hyperbole]])

မတရားသောသူတို့၏ ... ဆေးပါလိမ့်မည်

များစွာသော မတရားသော လူများသည် သေကြေ၍များစွာသော ဖြောင့်မတ်သူများသည် သူတို့၏ခြေကို လူများ၏သွေးဖြင့် ဆေးကြောမည်ဟု လွန်ကျူးစွာ ဖော်ပြထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) များစွာသော မတရားသူများသေဆုံး၍ ဖြောင့်မတ်သူများသူတို့သွေးပေါ်၌ လျှောက်၍ သူတို့၏ခြေကိုသွေးဖြင့် ဆေးသည်ကိုသင်မြင်ရလိမ့်မည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-hyperbole]])