my_tn/psa/055/010.md

4.5 KiB

မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ

ဆိုးညစ်သောအမှုနှင့် အဓမ္မတရားတို့သည် လူများကို နှိုင်းယှဉ် ပုံဆောင်ထားသည်။ ထိုဆိုးညစ်သော လူများသည် အဓမ္မ လူများသည်မြို့ရိုးများ၌ ရန်ပြုတိုက်ခိုက်ခြင်းနှင့် မတရားပြုမူခြင်းကို ပြုကြသည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

မြို့ရိုးပေါ်မှာ

" မြို့ရိုးပေါ် တစ်လျှောက်လုံးကို ပြောဆိုသည်။" ရှေ့ခေတ်ကမြို့ရိုးများကို ထူထပ်ကာကြီးမားခိုင်မာသော အုတ်နံရံဖြင့် တည်ဆောက်ထားပြီး ရန်သူများလက်မှ ကွယ်ကာစေသည်။ လူများသည် ထိုမြို့ရိုးတစ်လျှောက် လည်ပတ် ကင်းစောင့်ကာ ရန်သူများ လှုပ်ရှားသွားလာခြင်းကို ကြည့်မြင်နိူင်သည်။

မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက်ခြင်း အမှုရှိကြပါ၏

မတရားမှုနှင့် ဒုက္ခပေးနှောင့်ယှက်ခြင်းများကို လူပုဂ္ဂိုလ်များ ဖြစ်သည်ဟူ၍ တင်စားထားသည်။ ထိုမတရားပြုသောသူများသည် လူများအား ဒုက္ခဆင်းရဲရောက်စေသည်။ (အခြားသောဘာသာပြန်ဆိုချက်) "မြို့တွင်း၌ မတရားပြုမှုခြင်းနှင့် မြို့သားများကို ဒုက္ခပေးခြင်းကိုဖြစ်စေသည်။" (သို့) "အပြစ်ကျူးလွန်သောအများနှင့် ပြသနာဒုက္ခများကို ဖြစ်ပေါ်စေသောလူများ" (ရှု၊ rc://*/ta/man/translate/figs-personification)

ညှဉ်းဆဲခြင်း

ပြသနာများ

အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍

အဓမ္မတရားများကို ပြုသော လူများကိုရည်ညွှန်းထားသည်။(အခြားသောဘာသာပြန်ဆိုချက်) "မြို့တွင်း၌ ဆိုးညစ်သောအမှုများကို ပြုကြသည်။" (သို့) "မြို့တွင်း၌ ဖျက်ဆီးခြင်း အမှုကိုပြုကြသည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏

လူဆိုးများသည် မြို့တွင်းရှိလူများအား နိူင်ထက်စီးနင်းနှင့် လှည့်စားလိမ်လည်မှုများ ထင်ရှားစွာပြုမူကြသည်။ (အခြားသောဘာသာပြန်ဆိုချက်) "မြို့လမ်းများတွင် လူများကိုညှဉ်းဆဲခြင်းနှင့် လိမ်လည်ခြင်းများ ပြုလုပ်ကြသည်။" (သို့) "လူများကို ဖိနှိပ်ခြင်းနှင့် လှည့်စားခြင်းကို အစဉ်ပြုမူကြသည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

လမ်းတို့၌

မြို့တွင်းရှိ ဈေးဆိုင်များ စည်ကားလျှက်ရှိသော နေရာ