my_tn/psa/052/004.md

3.3 KiB

ပျက်စီး သော စကားရှိသမျှတို့ကို

လှည့်စားတတ်သော စကားလုံးသည် တောရိုင်းတိရစ္ဆာန်ကဲ့သို့ သားကောင်ကို ဖျက်စီးဝါးမျိုလိုက်သည် ဟူ၍တင်စားထားသည်။ (အခြားသောဘာသာပြန်ဆိုချက်)"လူများကို အန္တရာယ်ပြုစေသော စကားလုံးများ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လှည့်စားတတ်သောလျှာ

စာရေးသူပြောဆိုနေသော ထိုပုဂ္ဂိုလ်၏ အကြောင်းဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) "လှည့်စား၍ ပြောဆိုတတ်သောသူ" (သို့) "လိမ်လည်လှည့်ဖျားသောသူ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။

ကွဲပြားခြားနားစွာ သုံးနှုန်းထားသော စကားလုံးသည် "သင့်ကိုဖယ်ရှားတော်မူမည်" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

အသက်ရှင်သောသူတို့၏ နေရာထဲကနှုတ်ပစ်တော်မည်

ဤကမ္ဘာကြီး၌ အသက်ရှင်သော လူများထံမှနေ၍ ထိုမရားသောသူ၏ အသက်ကိုနှုတ်ယူတော်မူမည် ဟူ၍ အပင်ပေါက်ရှင်သန်နေသော အပင်များကိုနှုတ်ပစ် သကဲ့သို့နှင့် ခိုင်းနှိုင်းထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "အသက်ရှင်သော လူများနေထိုင်ရာနယ်မြေမှ သင့်ကို ပယ်ရှင်းပစ်မည်"(သို့) "ကိုယ်တော်သည် သင်၏အသက်ကို သတ်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တေးဂီတနှင့်စပ်ဆိုင်သော အသုံးအနှုန်း

တေးဂီတနှင့်စပ်ဆိုင်သော အသုံးအနှုန်းဖြစ်၍ ဤသင်္ကေတကို မြင်လျှင် မည်ကဲ့သို့ သီဆိုရမည်ဟူ၍ ညွှန်းကြားပေးထားသော အရာဖြစ်သည်။ တစ်ချို့ ဟေဗြဲကျမ်းစာများ၌ ဘာသာပြန်ပေးထား၍ အချို့၌ မရှိပေ။(ရှု၊ rc://*/ta/man/translate/translate-transliterate)