my_tn/psa/052/001.md

4.1 KiB

ယေဘုယျအချက်အလက်

"အနှိုင်းကဗျာ" သည် ဟေဗြဲကဗျာတွင် အများဆုံး ဖွဲ့ဆိုသီကုံးလေ့ရှိသော ကဗျာအမျိုးအစားဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])

ဧဒုံအမျိုး ဒေါဂ ------------ အဟိမလက်

ထိုပုဂ္ဂိုလ်များ၏ နာမည်များဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။

ဒါဝိဒ်သည် မတရားပြုသော သူကိုအမျှက်ထွက်၍ ပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်)"ခွန်အားကြီးသောသူ အဘယ်ကြောင့် သူ့အကျိုးကိုဖျက်ခြင်းဌာ မော်ကြွားသနည်း။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အားကြီးသော အချင်းလူ

ဒါဝိဒ်သည် ဧဒုံအမျိုးသားဒေါဂကို စောင်းမြောင်း၍ ပြောဆိုသောစကားဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) "သင်ကိုယ်သင်အားကြီးသောသူဟူ၍ ထင်မှတ်နေသည်တကား" (ရှု၊ rc://*/ta/man/translate/figs-irony)

ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။

ဒါဝိဒ်သည် ဘုရားသခင်၏ သစ္စာတော် ပဋိညာဉ်သည် သူအားမတရားသော လူများလက်ထဲမှကွယ်ကာပေးကြောင်း ရည်ညွှန်းပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ဘုရားသခင်သည် သူ၏သစ္စာတော် အစဉ်အမြဲကတိတည်သော ဘုရားဖြစ်သည်" (သို့) "ဘုရားသခင်၏ သစ္စာတော်သည် မတရားသောလူများမှ ကယ်နှုတ်ကွယ်ကာပေးတော်မူသည်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])

ထက်သောသင်တုန်းကဲ့သို့

ထက်သော ဓားချွန်ကဲ့သို့

သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်

လျှာသည် ထက်သော ဓားသွားကဲ့သို့ တင်စားခြင်းမှာ အလွန်အန္တရာယ် ဖြစ်စေသောအရာကြောင့် တင်စားထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "သင်၏လျှာသည် ထက်သောဓားသွားကဲ့သို့ လူအများကို လှည့်စားကာ ဖျက်စီးဆုံးရှံးစေပြီး" (ရှု၊ rc://*/ta/man/translate/figs-simile)

သင်၏လျှာ

ဒါဝိဒ် ပြောဆိုသေူ လူတစ်ဦးတစ်ယောက်ကို ရည်ညွှန်း၍"သင်၏လျှာ" ဟူ၍ ပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "သင်၏" (ရှု၊ rc://*/ta/man/translate/figs-synecdoche)