my_tn/psa/036/007.md

4.9 KiB

ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။

ဘုရားသခင်၏ သစ္စာတော်မြတ်သည် အဖိုးတန်သောရတနာကဲ့သို့ မြတ်နိူးဖွယ်ဖြစ်ကြောင်းပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်)"ကိုယ်တော်၏ သစ္စာတော်မြတ်သည် အလွန်ရှားပါး အဖိုးတန်သောရတနာကဲ့သို့ တန်ဖိုးရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လူသားတို့သည် ခိုလှုံလျက်နေရကြပါ၏။

လူများသည်အကွယ်အကာကို ရှာဖွေလျက်ရှိ၏။

လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။

ဘုရားသခင်၏ အကွယ်အကာကို ပုံဆောင်ထားသည်။ (အခြားသောဘာသာပြန်ဆိုချက်)"ဌက်ကလေးများသည် မိခင်ဌက်မကြီး၏အတောင်တော်အောက်၌ လုံခြုံခိုလှုံ သကဲ့သို့ လူသားသည်လုံခြုံကွယ်ကာမှုရှိသော ဘုရား၏အရိပ်အောက်၌ ခိုလှုံကြသည်။ " (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်) ကိုယ်တော်သည် ထိုသူများကို ကြွယ်ဝသော ရောင့်ရဲခြင်းကို ပေးတော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

အိမ်တော်၏ကြွယ်ဝခြင်း

ကိုယ်တော်၏အိမ်တော်၌ရှိသောကြွယ်ဝပြည့်စုံခြင်း အစားအသောက်ဟူ၍ တင်စားဖော်ပြထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ကိုယ်တော့်အိမ်တော်၌ သူတို့သည် ကြွယ်ဝသောအစာများစားရလိမ့်မည်"(သို့) "ကြွယ်ဝသောကောင်းကြီးမင်္ဂလာ"(ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါအခွင့်ပေးတော်မူ၏။

ဘုရားသခင်၏ ကောင်ကြီးမင်္ဂလာကို အစဉ်မပြတ်စီးဆင်းသော စမ်းရေတွင်းနှင့် မြစ်ရေကဲ့သို့ တင်စားဖော်ပြထားသည်။ ထိုကောင်းကြီးကို ရေကဲ့သို့ သောက်နိုင်ကြောင်း ရေးသားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်၏ အဖိုးထိုက်တန်သော ကောင်းကြီးမင်္ဂလာသည် မြစ်ရေကဲ့သို့ စီးဆင်း၍ ကျွန်ုပ်တို့သောက်ဖို့ရန် ပေးတော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

စမ်းရေတွင်း

အသက်၏အရင်းအမြစ်

အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကိုရကြပါ၏။

"အလင်း"ဟုဆိုရာတွင် စစ်မှန်သော အသိပညာကိုဖော်ကျူးခြင်းဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်)"ကိုယ်တော် အကျွန်ုပ်တို့ကို ညဏ်ပညာအလင်းဖွင့်ပြတော်မူလျှင်စစ်မှန်ခြင်းကို မြင်ရမည်"(သို့) " ကိုယ်တော်အလင်းသည် စစ်မှန်ခြင်းအကြောင်းကိုသိမြင်စေသည်"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)