my_tn/psa/033/004.md

3.2 KiB

ယေဘုယျအချက်အလက်

စာပိုဒ်တိုင်းသည် တူညီသောအဓိပ္ပာယ်ဖြင့် ဖွဲ့စည်းရေးထားသည် (ရှု၊ rc://*/ta/man/translate/figs-parallelism)

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏

ဖြောင့်မတ်ခြင်း သည် စစ်မှန်ခြင်းဖြစ်ကြောင်း တင်စားဖော်ပြထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) ထာဝရဘုရားသည် ဖြောင့်မတ်ခြင်းဖြစ်၍ သူပြုသမျှသောအရာအားလုံး ဖြောင့်မတ်မှန်ကန်သည် (ရှု၊ rc://*/ta/man/translate/figs-metaphor)

စီရင်တော်မူသမျှသောအမှုတို့သည် ..... ညီကြ၏

(အခြားသောဘာသာပြန်ဆိုချက်) ဖြောင့်မတ်စွာပြုသောအမှုကို နှစ်သက်တော်မူ၏ (သို့) ကိုယ်တော်သည် ဖြောင့်မတ်စွာ စီရင်သောအမှုကို နှစ်သက်တော်မူ၏ (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏

ဘုရားသခင်၏ သစ္စာနှင့် ပြည့်စုံခြင်းအမှုသည် ကမ္ဘာမြေကြီးတစ်ခုလုံး လွှမ်းမိုးနေကြောင်း အဓိပ္ပာယ်ရသည်။ (အခြားသောဘာသာပြန်ဆိုချက်) ထာဝရဘုရား၏ သစ္စာနှင့် ပြည့်စုံသော စီရင်ခြင်းအမှုသည် မြေကြီးတပြင်လုံးတွေ့ကြုံခံစားရသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း ဖန်ဆင်းတော်မူ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်) "ထာဝရဘုရားသည် သူ၏နှုတ်ကပါတ်တော်အားဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

နှုတ်ကပတ်တော်အားဖြင့်

ထာဝရဘုရား၏ နှုတ်တော်ထွက်ကို ရည်ညွှန်းသည် (အခြားသောဘာသာပြန်ဆိုချက်) သူ၏နှုတ်တော်ဖြင့် (ရှု၊ rc://*/ta/man/translate/figs-metonymy)