my_tn/psa/018/007.md

2.8 KiB

အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊

ဘုရားသခင်၏ အမျက် ဒေါသကို ပြင်းထန်စွာလုပ်ခတ်သောမြေငလျင် နှင့် ခိုင်းနှိုင်းဖော်ပြထားသည်။ အခြားဘာသာပြန်ဆိုချက် "မြေကြီးတုန်လှုပ်သကဲ့သို့ ဘုရားသခင်သည် ပြင်းစွာ ဒေါသထွက်တော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မြေကြီးတုန်လှုပ်၍၊ ...တရွေ့ရွေ့ လှုပ်ရှားကြ၏

"တုန်လှုပ်ခြင်း" နှင့် "လှုပ်ရှားခြင်း" သည် အဓိပ္ပာယ်အတူတူပင် ဖြစ်သည်။ မြေကြီးအလွန်တုန်လှုပ်ခြင်းရှိသည်ကို ဖော်ပြရန် ထပ်ခါထပ်ခါ အသုံးပြုထားခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆို "မြေကြီးသည် ‌‌ရှေ့နောက် လှုပ်ရှားကြ၏" (သို့) "မြေကြီးသည် အထက်အောက် လှုပ်ရှားကြ၏" (သို့) "မြေငလျင် ပြင်းစွာ လှူပ်ခတ်လေ၏" (ရှု၊ rc://*/ta/man/translate/figs-doublet)

တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏

အခြားဘာသာပြန်ဆိုချက် "တောင်၏ အောက်ခြေအမြစ် တို့သည် ကြောက်ရွံ့၍ တုန်လှုပ်ကြ၏"

နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ ... မီးခဲတောက်လေ၏

ဒါဝိဒ်သည် ဘုရားသခင်ကို အသက်ရှူသောမီး ကဲ့သို့ ဖော််ပြထားသည်။ နှခေါင်းမှ မီးခိုးထွက်ခြင်းသည် ဘုရား သခင်၏ အမျက်ဒေါသကို ပုံဆောင်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏

"မီး" သည် ဘုရားသခင်၏ အမျက်ဒေါသကို ပုံဆောင်သည်။