my_tn/psa/018/004.md

2.5 KiB

သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍

သေခြင်းသည် လူတစ်ယောက်ကဲ့သို့ လူကိုဖမ်းခြင်း၊ ကြိုးဖြင့်ချည်နှောင်ခြင်း များကိုပြုလုပ်သည့်သဖွယ် တင်စားဖော်ပြထားသည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်သည် အသတ်ခံရနီးပြီ" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-personification]])

ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့်

ရေစီးကြောင်းထဲ မျောပါသွားလျှင် အကူအညီမဲ့သွားမည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်သည် အကူအညီမဲ့လျက် နေပါ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏

"မရဏာနိုင်ငံ" သည် ) "လူသေတို့၏ နေရာ" ဟူ၍လည်းကောင်း၊ "သေမင်း" သည် "သေခြင်း" ဟူ၍ လည်းကောင်း အဓိပ္ပာယ်ရပြီး ဤနေရာ၌ ကြိုးချည်နိုင်၊ ထောင်ချောက်ဆင်နိုင်သော လူတစ်ယောက်နှင့် ခိုင်းနှိုင်း ဖော်ပြထားသည်။ လေးလေးနက်နက်ဖော်ပြလိုသောကြောင့် အဓိပ္ပာယ်ဆင်တူဝါကျကို အသုံးပြုထားသည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်သည် ထောက်ချောက်မိ၍ သေရတော့မည်ဟု ထင်ရ၏" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-metaphor]] and rc://*/ta/man/translate/figs-parallelism)