my_tn/psa/005/009.md

3.9 KiB

‌ယေဘုယျအချက်အလက်

ဒါဝိဒ်က သူ့ရန်သူများအ‌ကြောင်းပြောပြနေသည်။

သူတို့၏နှုတ်တွင် သစ္စာမရှိပါ

သစ္စာမရှိသောနှုတ်သည် အမှန်မပြောသောနှုတ်ကို ကိုယ်စားပြုသည်။ အခြားဘာသာပြန်ဆိုချက် "သူတို့သည် မှန်မှန်ကန်ကန် ဘယ်တော့မှ မပြောပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့နှလုံးသည် အလွန်ဆိုးဝါး၏

နှလုံးသည် လူ့အတွေး နှင့် လူ့ဆန္ဒကို ကိုယ်စားပြုသည်။ အခြားဘာသာပြန်ဆိုချက် "သူတို့၏ အတွေး နှင့် သူတို့၏ ဆန္ဒသည် အလွန်ဆိုးညစ်ကြ၏" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့၏လည်ချောင်း

လည်ချောင်းသည် စကားကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် "သူတို့စကား" (သို့) "သူတို့ပြောသောအရာ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏

လူသေအလောင်းမြှုပ်နှံရန်အဆင်သင့်တူးဖော်ဖွင့်ဟထားသော သင်္ချိုင်းနှင့် သူတို့၏လည်ချောင်းကို ခိုင်းနှိုင်းဖော်ပြထားသည်။ ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ ၁) လူသတ်ဖို့အကြောင်းသူတို့ပြောကြသည်။ ၂) သူတို့ပြောသောအရာသည် လူကိုသေစေလောက်၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏

"နားဝင်ချိုစေသောစကားလုံးလှလှလေးများဖြင့် လူတွေကို လှည့်စားတတ်ကြ၏"

သူတို့သည် လျှာနှင့်

လျှာသည် ပြောစကားများကို ကိုယ်စားပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော

"သူတို့၏ မကောင်းသောအကြံအစည်သည် သူတို့၏ သေတွင်းဖြစ်စေသော်"

အကြံအစည်

"မကောင်းကြံစည်ခြင်း" (သို့) "လူတွေကိုဘေးပြုရန်ကြံစည်သောအကြံ"

လဲကြပါစေ သော

တစုံတခုက တစုံတယောက်ကို ဒုက္ခဖြစ်စေသည်ကို ဆိုလိုသည်။ ဒုက္ခနှင့်တွေ့ကြုံ၍ ဘဝပျက်စီးရသည်ကို ခလုတ်တိုက်မိ၍ လဲကျသွားသည်နှင့် နှိုင်းယှဉ်ဖော််ပြလေ့ရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)