my_tn/psa/005/001.md

3.1 KiB

ယေဘုယျအချက်အလက်

"‌အနှိုင်းကဗျာ" သည် ဟေဗြဲကဗျာတွင် အများဆုံး ဖွဲ့ဆိုသီကုံးလေ့ရှိသော ကဗျာအမျိုးအစားဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])

ဂီတမှူး

"ဤဆာလံသည်ဝတ်ပြုကိုးကွယ်ခြင်းတွင် ဂီတမှူးအသုံးပြုရန်အတွက် ဖြစ်သည်"

လေမှုတ်တူရိယာဖြင့်

"ဤသီချင်းကိုသီဆိုသောအခါ လေမှုတ်တူရိယာဖြင့်တီးမှုတ်၍ သီဆိုသင့်သည်"

ဒါဝိဒ်၏ဆာလံ

ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ ၁) ဒါဝိဒ်စပ်ဆိုခဲ့သောဆာလံ၊ ၂) ဒါဝိဒ်အကြောင်းစပ်ဆိုထားသောဆာလံ၊ ၃) ဒါဝိဒ်၏ဆာလံများနှင့်အမျိုးအစားတူသောဆာလံ

အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍

အကူအညီတောင်းခံသောစကားဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်စကားကိုနားထောင်တော်မူပါ။ အကျွန်ုပ်အကူအညီတောင်းခံလျက်နေပါ၏" (ရှု၊ rc://*/ta/man/translate/figs-metonymy)

မြည်တမ်းခြင်း

ဒုက္ခဝေဒနာခံစားနေရစဥ် မချိတင်ကဲ ညည်းညူလေ့ရှိသော အသံမျိုး

နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်

"မနက်ခင်းတွင် ကိုယ်တော်သည် အကျွန်ုပ်ဆုတောင်းသံကိုကြားတော်မူ၏။ မနက်ခင်းတွင် အကျွန်ုပ်သည် ကိုယ်တော့်အား တောင်းလျှောက်အသနားခံပါ၏" (ရှု၊ rc://*/ta/man/translate/figs-parallelism)

ကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်

"ကိုယ်တော့်ရှေ့တွင် အကျွန်ုပ်၏လိုအပ်မှုကို တင်ပြပါမည်" (သို့) "အကျွန်ုပ်လိုအပ်သမျှ ကိုယ်တော့်အား တောင်းလျှောက်ပါမည်"