my_tn/psa/004/006.md

4.0 KiB

ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်း

တစုံတရာမေးမြန်းဖို့အတွက်သော်လည်းကောင်း၊ ဖြစ်မလာခဲ့သောဆန္ဒကို ဖော်ပြဖို့အတွက်သော်လည်းကောင်း ဤအမေးဝါကျကို အသုံးပြုထားခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် "ကျေးဇူးပြု၍ ကောင်းသောအရာကို ငါတို့အား ပြတော်မူပါ" (သို့) "ငါတို့အားကောင်းသောအရာကို ပြသဖို့ရန် မည်သူမဆို ငါတို့အလိုရှိပါသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်း

ကောင်းသောအရာကိုပြသခြင်းသည် ‌ကောင်းသောအရာကိုယူဆောင်လာခြင်း (သို့) ကောင်းသောအရာပြောပြခြင်းကို ကိုယ်စားပြုသည်။ အခြားဘာသာပြန်ဆိုချက် "အဘယ်သူသည် ငါတို့အတွက် ကောင်းသောအရာကို ယူဆောင်လာမည်နည်း" (သို့) "အဘယ်သူသည်ကောင်းသောအရာကို ပြောပြဖြစ်မည်နည်း" (ရှု၊ rc://*/ta/man/translate/figs-metonymy)

မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ

ဆာလံဆရာက သူတို့အားထာဝရဘုရားမျက်နှာသာပေး သည်ကို ဘုရားထာဝရဘုရား၏ မျက်နှာတော်ရောင်ခြည်သည် သူ့တို့ထံ အမှန်တကယ်ရောက်ရှိလာသည့်သဖွယ် သီကုံးစပ်ဆိုထားသည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်တို့အား မျက်နှာသာပေးတော်မူပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏

ဝမ်းမြောက်ခြင်းကို ပေးယူနိုင်သည့် အရာဝတ္ထုဟန်ဖြင့်ပြောထားသည်။ အခြားသေဘာသာပြန်ဆိုချက်၊ "သင်သည် တခြားသူများထက် ငါ့ကိုဝမ်းမြောက်စေသည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-abstractnouns]])

သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊

"စပျစ်ရည်" သည် စပျစ်သီးကို ကိုယ်စားပြုဖွယ်ရှိသည်။ အခြားဘာသာပြန်ဆိုချက် "စပါးခင်းကို ရိတ်သိမ်း၍ စပျစ်သီးမှည့်ကို ဆွတ်ခူးသောအခါ

ကျေနပ်သော စိတ်နှင့်အိပ်စက်ခြင်း

ကျေနပ် သောစိတ် နှင့်ငြိမ်သက်စွာ အိပ်စက် ခြင်း