my_tn/num/23/07.md

1.9 KiB

ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။

ဤစကားစုနှစ်ခု၏ ဆိုလိုရင်းမှာ အတူတူဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။

ဤစကားစုနှစ်ခုလုံး၏ဆိုလိုရင်းမှာ အတူတူဖြစ်သည်။ ဗာလက်က ဗာလမ်အား ဣသရေလလူမျိုးများကို ကျိန်ဆဲစေချင်သည်ကို အလေးအနက်ပေးခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။

ဘုရားသခင်မနာခံဖို့ ဗာလမ်၏ငြင်းဆန်မှုကို အလေးအနက်ပေးသည်။ ရိုးရိုးဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်မကျိန်ဆဲသောသူကို ငါမကျိန်ဆဲနိုင်ပါ။ ထာဝရဘုရား မတိုက်ခိုက်သောသူကို ငါလည်း မတိုက်ခိုက်နိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)