my_tn/num/06/13.md

4.9 KiB

သူ၏ခြားနားသော

"ခြားနားခြင်း" စကားလုံးသည် "ဆက်ကပ်အပ်နှံခြင်း" ကိုဆိုလိုသည်။ စိတ္တနာမ်ဖြစ်သော်လည်း ကြိယာအနေဖြင့်လည်း ရေးနိုင်သည်။ အခြားဘာသာပြန်ဆိုချက်၊ "သူ၏ ဆက်ကပ်ခြင်း" သို့မဟုတ် "သူ့ကိုယ်သူ ဆက်ကပ်ထားသည်" (ရှု၊ [[rc:///ta/man/translate/figs-idiom]] နှင့် [[rc:///ta/man/translate/figs-abstractnouns]])

သူ့ကိုခေါ်လာရမည်

ပြုသူဝါကျပုံစံဖြင့်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်က သူ့ကို ခေါ်လာရမည်" သို့မဟုတ် "သူသည် သွားရမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူသည် သူ၏ပူဇော်သက္ကာကို ထာဝရဘုရားအားဆက်သရမည်

ထာဝရဘုရားအားဆက်သဖို့ရန် သူသည် သူ၏ပူဇော်သက္ကာကို ယဇ်ပရောဟိတ်ထံသို့ယူလာရမည်ဟု စာကြောင်း၏ဆိုလိုရင်းကို ရှင်းလင်းစွာဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်သဖို့ရန် ယဇ်ပုရောဟိတ်ထံသို့ ယူလာရမည်" သို့မဟုတ် " ယဇ်ပူဇော်မည့် ယဇ်ပုရောဟိတ်ထံသို့ သူ၏ ပူဇော်သက္ကာကို ယူလာပြီး ထာဝရဘုရားအား ဆက်သရမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

တဆေးမဲ့မုန့်

ပြုသူဝါကျပုံစံဖြင့်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တဆေးမပါသော မုန့် " (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား

ပြုသူဝါကျပုံစံဖြင့်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆီရောထားသည့် မုန့်ညက်နှင့်လုပ်သော မုန့်ပြား " (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဆီလူးသော တဆေးမဲ့မုန့်ကြွပ်

ပြုသူဝါကျပုံစံဖြင့်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆီလူးသော တဆေးမဲ့မုန့်ကြွပ်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တဆေးမဲ့မုန့်ကြွပ်

သေးငယ်သော မုန့်ပြားပိုင်းစလေးများ

ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ

"သူတို့၏" ဆိုသည်မှာနာဇရိလူတစ်ယောက်က ယူဆောင်လာရမည့် အခြားသောပူဇော်သက္ကာများကို ဆိုလိုခြင်းဖြစ်သည်။ တခါတရံ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာတို့သည် အခြားယဇ်ပူဇော်စရာနှင့်အတူ လိုအပ်လေ့ရှိသည်။ ဤဝါကျ၏ ဆိုလိုရင်းကို ရှင်းလင်းစွာဖော်ပြရန်လိုအပ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား တောင်းဆိုသည့်အရာမှာ အခြားယဇ်ပူဇော်စရာနှင့်အတူ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာတို့ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)