my_tn/neh/06/01.md

2.4 KiB

ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို

နေဟေမိသည် မြို့ရိုးတည်ဆောင်ခြင်းတွင် ကြီးကြပ်ခဲ့သည်။ သူကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း မဟုတ်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို" ဟုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သမ္ဘာလတ် --- တောဘိ --- ဂေရှင်

ဤသူတို့သည် အမျိုးသားများ၏ အမည်များဖြစ်ကြသည်။ (၂:၉) တွင် ဘာသာပြန်ထားသည်။

ထိုအခါ မြို့တံခါးတို့ကို

ဤအရာသည် မြို့ရိုးတံခါးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့ရိုးတံခါးတို့ကို မတူထောင်သေးသောကြောင့် ပွင့်နေသေးသော်လည်း" သို့မဟုတ် "မြို့ရိုးတံခါးတို့၏ အပေါက်များ" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဩနော

နေရာဒေသတစ်ခု၏ အမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ငါ့ကို မှာလိုက်ကြ၏

ဤအရာက သူတို့သည် အမှာစာ ပေးပို့ရန်သတင်းပေးပို့သူတစ်ဦးကို စေလွှတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါထံသို့ သတင်းပေးပို့သူ တစ်ဦးကိုစေလွှတ်ခဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)