my_tn/neh/05/04.md

4.0 KiB

ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။

ဤနေရဦတွင် ယုဒလူမျိုးတို့သည် အခြားသော ယုဒလူများမှ ဆင်းသက်လာသောသူများနှင့် အတူတူဖြစ်သည်ဟုမှတ်ယူပြီး၊ အခြားသောသူများနှင့် ထပ်တူအရေးကြီးသည်ဟု ခံယူထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ယုဒမိသားစုသည် အခြားသော ယုဒမိသားစုနှင့် တူသည်။ ငါတို့သားသမီးသည်လည်း ငါတို့အတွက်အရေးကြီးသကဲသို့ သူတို့သားသမီးသည်လည်း သူတို့အတွက်အရေးကြီးပါသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့

ဤအရာသည် ဒေသသုံးစကားတစ်ခုဖြစ်ပြီး၊ သူတို့၏ မိသားစုဝင်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ မိသားစု" (ရှု၊ rc://*/ta/man/translate/figs-idiom)

ကျွန်ခံပြီးသော သမီးတို့ကိုလည်း

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ သမီးအချို့တို့ကို ကျွန်အဖြစ် ရောင်းလိုက်ကြပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မတတ်နိုင်

ဤအရာသည် အီဒီယမ်စကားဖြစ်ပြီး၊ သူတို့၌ တစ်စုံတစ်ခု လုပ်ဆောင်ရန် အရင်းအမြစ် မရှိပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် မလုပ်ဆောင်နိုင်တော့်ပါ" (ရှု၊ rc://*/ta/man/translate/figs-idiom)

ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။

သူတို့ပိုင်ဆိုင်သောလယ်ယာနှင့် ဥယျာဉ်တို့ကိုလည်း သူတို့ မပိုင်တော့ပေ။ သူတို့ မိသားစုကို ထောက်ပံ့ရန်လိုအပ်သော ငွေကြေးများကိုလည်း မထုတ်နိုင်တော့်ပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့ပေမယ့် ငါတို့သည် အခြေအနေကို ပြောင်းလဲရန် တတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခြားသူများပိုင်ဆိုင်သော ငါတို့၏ လယ်နှင့် ဥယျာဉ်များသည် ငါတို့ဘဝများကို ထောက်ပံ့ရန် လိုအပ်ပါသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)