my_tn/neh/02/04.md

20 lines
2.3 KiB
Markdown

# ကျွန်တော်ကို
နေဟေမိသည် မိမိကိုယ်ကို ရှင်ဘုရင်ထံသို့ တင်သွင်းလျှောက်ထားခြင်းကို ရည်ညွှန်းသော စကားဖြစ်သည်။
# လျှောက်လေ၏
"ထို့နောက် ရှင်ဘုရင်ကို တုန့်ပြန်၍ လျှောက်သောစကား" ဖြစ်သည်။
# စိတ်နှင့်တွေ့တော်မူလျှင်
ဤနေရာတွင် စိတ်နှင့်တွေ့လျှင် သို့မဟုတ် ရှေ့တော်မှောက်တွင် ဟူသောစကားလုံးသည် ဆုံးဖြတ်ခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရင်၏ စီရင်ဆုံးဖြတ်ချက်အတိုင်း" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို
"ကျွန်ုပ်၏ ဘိုးဘေးများ သင်္ဂြိုလ်မြုပ်နှံထားသော မြို့ကို" ဆိုလိုသည်။
# ကျွန်တော် ပြုစု ရမည်အကြောင်း
နေဟေမိသည် ပြိုကျပျက်စီးသွားသော တံတိုင်းများအားလုံးကို သူကိုယ်တိုင်တည်ဆောက်ရန် အစီအစဉ် မရှိပါ။ သို့သော် သူသည် ပြန်လည်တည်ဆောက်ခြင်းအလုပ်တွင် ခေါင်းဆောင်လုပ်မည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်တော်နှင့် ကျွန်တော့်လူမျိုးများသည် ပြန်လည်ဆည်ဆောက်မည်။" (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]])