my_tn/neh/02/03.md

3.4 KiB

ငါသည်အလွန်ကြောက်၍

နေဟေမိသည် ရှင်ဘုရင်၏ အမေးကို ပြန်လည်ဖြေကြားရန် ပြင်ဆင်ခြင်းကို ဆိုလိုသည်။ ရှင်ဘုရင်သည် မည်ကဲ့သို့ တုန့်ပြန်လိမ့်မည်ကို မသိသောကြောင့်သူကြောက်ရွံ့နေသည်။

ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ

နေဟေမိသည် အာတဇေရဇ်မင်းကို ဂုဏ်ပြုကြောင်းကို ပြသခြင်းဖြစ်သည်။ ဤနေရာတွင် "အစဉ်အမြဲ" ဟူသောစကားသည် ချဲ့ကားပြောဆိုသောစကားဖြစ်ပြီး အသက်ရှည်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ရှည်သောဘုရင်" သို့မဟုတ် "ရှင်ဘုရင်သည် သက်တော်ရှည်ပါစေ" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည်

"နေဟေမိ၏ ဘိုးဘွားဘေဘီများကို မြုပ်နှံ သင်္ဂြိုလ်ခဲ့သောနေရာ" ဖြစ်သည်။

မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့အဝင် ဂိတ်များသည် မီးအားဖြင့် လောင်းကျွမ်းကုန်သည်" သို့ မဟုတ် "ငါတို့၏ ရန်သူများသည် မြို့အဝင်ဂိတ်များကို မီးရှို့ဖျက်ဆီးလိုက်ကြပြီ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်း

ဤနေရာတွင် နေဟေမိသည် စကားပြောဟောနည်းအတတ်နှင့်ဆိုင်သော မေးခွန်းဖြင့် ရှင်ဘုရင်ကို သူဝမ်းနည်းရသည့်အကြောင်းရင်းကို ပြောဆိုခြင်းဖြစ်သည်။ ၎င်းအရာသည် ဖော်ပြချက်တစ်ခုအဖြစ် ရေးသားထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် ဝမ်းနည်းရသည့် အကြောင်းရင်း အလွန်များပြားလျှက်ရှိပါသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)