my_tn/mrk/12/35.md

5.8 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ဗိမာန်တော်တွင် ဆုံးမဩဝါဒ ပေးတော်မူစဉ် ကျမ်းစာထဲမှ ဒါဝိဒ်အကြောင်း ကိုးကားပြောဆိုပြီးနောက် လူတို့အား ကျမ်းတတ်ပုဂ္ဂိုလ်များ နေထိုင်ပုံကို ကြည့်၍ ဂရုတစိုက် နေရန် သတိပေးခြင်းဖြစ်သည်။

ယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်

အချိန်လွန်ပြီးနောက် ယေရှုသည် ဗိမာန်တော်ထဲတွင် ရှိနေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် ယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင် လူအများထံသို့ ပြောခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဒါဝိဒ်၏သား ဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။

ယေရှုက ဆာလံကျမ်းသည် သူ့အား ကိုးကားထားကြောင်းကို လေးနက်စွာ တွေးတောစေရန် မေးခွန်း မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တွေးကြည့်ပါ၊ အဘယ်ကြောင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ခရစ်တော် သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ပြောသနည်း" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဒါဝိဒ်၏သား

သူသည် ဒါဝိဒ်မျိုးဆက်မှ ဆင်းသက်လာသောကြောင့်ဖြစ်သည်။

ဒါဝိဒ်သည်

"သူ၏" ဆိုသည်မှာ ဒါဝိဒ်နှင့် သူ၏ပြောပြချက်များကို အလေးထား၍ ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်ပြောခဲ့သည်မှာ" (ရှု၊ rc://*/ta/man/translate/figs-rpronouns)

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်

ဆိုလိုသည်မှာ သူသည် သန့်ရှင်းသော ဝိဉာဏ်တော်အားဖြင့် နိုးကြားကြွနေသည်(သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏စကားပြောသောအမှုကို လမ်းညွှန်နေသည်)။ အခြားသော ဘာသာပြန်ဆိုချက်၊ "သန့်ရှင်းသော ဝိဉာဉ်တော်အားဖြင့် နိုးကြားကြွခဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

ငါ၏သခင်အား မိန့်တော်မူသည်

ဒါဝိဒ်က ဘုရားသခင်အား "သခင်" ဟူ၍ လည်းကောင်း၊ ခရစ်တော်အား "ငါ၏ သခင်" ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မေရှိယအကြောင်း ဆိုရာတွင် 'ဘုရားသခင်သည် ငါ၏ သခင်အား" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု

ဤကိုးကားချက်သည် ဆာလံကျမ်းမှ သခင်ယေရှုက ကိုးကားထားခြင်း ဖြစ်သည်။ ဘုရားသခင်က ခရစ်တော် ထံ စကားပြောခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-quotesinquotes)

သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင်

ဤကိုးကားချက်တွင်၊ ဘုရားသခင်က ရန်သူများကို ခြေတင်ရာအဖြစ် ပြုလုပ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ သင်တို့၏ ရန်သူကို အပြီးတိုင် မချေမှုန်းမီတိုင်အောင်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သခင်ဟူ၍ ခေါ်လျှင်

"သူ့ကို" ဆိုသည်မှာ မေရှိယကို ရည်ညွှန်းသည်။

ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် မေရှိယကို ဒါဝိဒ်၏ သားဖြစ်သည်ဟု တွေးထင်ကြသနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)