my_tn/mrk/12/20.md

3.7 KiB

ညီအစ်ကို ခုနှစ်ယောက်

ဇဒ္ဒုကဲတို့သည် ယေရှုအား စုံစမ်းရန် စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေ အရာတစ်ခုဖြင့် ယေရှုထံသို့ ချဉ်းကပ်ခဲ့သည်။အခြားသော ဘာသာပြန်ဆိုချက် "အကယ်၍ ညီအစ်ကို ခုနှစ်ယောက်ရှိခဲ့လျှင်....."

ပထမ... ဒုတိယ... တတိယ.... သတ္တမ..

ဤ အရေအတွက် သည် ညီအစ်ကို ခုနှစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ ပထမညီအစ်ကို... ဒုတိယညီအစ်ကို... တတိယညီအစ်ကို.... သတ္တမညီအစ်ကို.. (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ပထမတစ်ယောက်က မိန်းမ ယူသည်..... ဒုတိယတစ်ယောက်က သူမကို ထပ်ယူသည်...

ပထမတစ်ယောက်သည် မိန်းမတစ်ယောက်ကို လက်ထပ်ယူခဲ့သည်...... ဒုတိယတစ်ယောက်သည်လည်း သူမကို လက်ထပ်ယူသည်။ ဤ လက်ထပ်သည် ဆိုသည်မှာ သူမကို စုံဘက်ခြင်း ဖြစ်သည်။

တတိယတစ်ယောက်မှာလည်းထိုနည်းတူဖြစ်သည်

အခြားသော ဘာသာပြန်ဆိုချက်၊ "တတိယညီအစ်ကိုမှာလည်း တစ်ခြားအစ်ကိုများကဲ့သို့ သူမကို လက်ထပ်ယူခဲ့သည်။ သို့သော် သူသည်လည်း ကလေးမမွေးပဲ သေဆုံးခဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ခုနှစ်ယောက်စလုံး ကလေးမရှိခဲ့ပါ

ညီအစ်ကို တစ်ယောက်ခြင်းဆီတို့သည် ထိုမိန်းမကို ယူသော်လည်း ကလေးမရပဲ သေဆုံးခဲ့ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ထိုမိန်းမကို လက်ထပ်ခဲ့ကြသော်လည်း ကလေးမရပဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ရှင်ပြန်ထမြောက်ချိန်တွင် သူတို့ ပြန်ရှင်လာသောအခါ သူမသည် မည်သူ၏ မယားဖြစ်မည်နည်း

ဇက္ဒုကဲတို့သည် ယေရှုအား စုံစမ်းရန်မေးသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု ငါတို့အား ရှင်းပြပါ။ ရှင်ပြန်ထမြောက်ချိန်တွင် သူတို့ ပြန်ရှင်လာသောအခါ သူမသည် မည်သူ၏ မယားဖြစ်မည်နည်း။" (ရှု၊ rc://*/ta/man/translate/figs-rquestion)