my_tn/mrk/12/18.md

3.0 KiB

ရှင်ပြန်ထမြောက်ခြင်းမရှိဘူးဟူ၍

ဤစကားသည် ဇဒ္ဒုကဲများအကြောင်း ရှင်းပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမရှိဘူးဟူ၍ ပြောဆိုသူများ" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါတို့အတွက် မောရှေပညတ်ထားသည်မှာ "လူတစ်ယောက်၏ ညီအစ်ကိုတစ်ယောက်ယောက် ဆုံးလျှင်...."

ဇဒ္ဒုကဲတို့သည် မောရှေရေးသားထားသော ပညတ်တော်ကို သွယ်ဝိုက်၍ ကိုးကားပြောဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့အတွက် မောရှေပညတ်ထားသည်မှာ 'လူတစ်ယောက်၏ ညီအစ်ကိုတစ်ယောက်ယောက် ဆုံးလျှင်...." (ရှု၊ rc://*/ta/man/translate/figs-quotations)

ငါတို့အတွက် ရေးထားခဲ့သည်

"ယုဒလူမျိုး ငါတို့အတွက် ရေးခဲ့ပြီ"။ ဇဒ္ဒုကဲတို့သည် ယုဒလူမျိုးအုပ်စုဝင်ဖြစ်ကြသည်။ သူတို့အသုံးပြုသော "ငါတို့" ဆိုသည်မှာ "သူတို့အပါအဝင် ယုဒလူမျိုးအားလုံး"ကို ညွှန်းဆိုခြင်းဖြစ်သည်။

လူတစ်ယောက်သည် ဆုံးသွားသောအစ်ကို၏ မယားကို သိမ်းယူသင့်သည်

လူတစ်"ယောက်သည် ဆုံးသွားသောအစ်ကို၏ မျိုးဆက်မပျက်စေရန် သူ့မယားသိမ်းယူသင့်သည်" ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

သူ့အစ်ကို၏ ကလေး ရှိစေရမည်

ဤ စကားတွင် ကလေးဆိုသည်မှာ ဆုံးသွားသော အစ်ကို၏ မျိုးဆက်များအဖြစ် မှတ်ယူခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ " သူ့အစ်ကို၏ မျိုးဆက်အဖြစ်သတ်မှတ်ရန် ကလေး ယူပေးခြင်း" ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)