my_tn/mrk/10/17.md

3.1 KiB

ထာဝရအသက်ကို အမွေခံရအံ့သောငှါ

ဤနေရာတွင် လူသည် "လက်ခံခြင်း" ကို "အမွေခံခြင်း" ကဲ့သို့ ပြောဆိုသည်။ ဤဥပစာတင်စားမှုသည် လက်ခံရရှိခြင်း အရေးကြီးကြောင်း အသားပေးဖော်ပြရန် အသုံးပြုသည်။ ဤနေရာတွင်လည်း "အမွေခံ" ဟူသောစကားသည် တစ်စုံတစ်ယောက် အရင်သေဆုံးရမည်ဟု မဆိုလိုပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရအသက်ကို ရရှိရန်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏

ယေရှုသည် ထိုလူကို မေးမြန်းတော်မူသည်မှာ ယေရှုကို ကောင်းမြတ်တော်မူသည်ဟု ပြောခြင်းသည် ယေရှုကို ဘုရားသခင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်ကို သူသည် သဘောမပေါက်ဘူးလား ဟူ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းမြတ်ခြင်းမရှိကြောင်း သင်သိသည်" သို့မဟုတ် "ဘုရားသခင်မှလွဲ၍ တစ်ယောက်မျှ ကောင်းမြတ်ခြင်းမရှိဟု သင်သိသည်။ သင်သည် ငါ့ကို ကောင်းမြတ်သောသူဟု ခေါ်သောအခါ သင်သည် သဘောပေါက်ပါသလား?" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏

"ကောင်းမြတ်သည်။ ဘုရားသခင်သာလျှင် ကောင်မြတ်တော်မူသည်"

မမှန်သောသက်သေကိုမခံနှင့်

"မမှန်ကန်သောသက်သေကို တစ်စုံတစ်ယောက် ဆန့်ကျင်ရန် မခံနှင့်" သို့မဟုတ် "တရားစရပ်တွင် တစ်စုံတစ်ယောက်အကြောင်း လိမ်မပြောနှင့်"

ရိုသေစွာ

လေးစားခြင်းနှင့် နာခံခြင်းကို ဆိုလိုသည်။