my_tn/mrk/10/07.md

2.6 KiB

ထိုအကြောင်းကြောင့် ယောက်ျားသည် ... လူမခွဲမခွါစေနှင့်

ဤကျမ်းပိုဒ်တွင်၊ ယေရှုသည် ဘုရားသခင်က ကမ္ဘာဦိးကျမ်းတွင် မိန်တော်မူထားသည်ကို ကိုးကားတော်မူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က အဘယ်ကြောင့် မိန့်တော်မူသည်ကို "လူယောက်ျားသည် ... လူသည် ခွဲခွာခြင်း မပြုရ။"" (ရှု၊ rc://*/ta/man/translate/figs-quotesinquotes)

ထိုအကြောင်းကြောင့်

"ထို့ကြောင့်" သို့မဟုတ် "ဤအရာကြောင့်"

မှီဝဲ

"ပူးပေါင်း" သို့မဟုတ် "ဖက်တွယ်"

လင်မယားတို့သည် နှစ်ဦး မဟုတ် တဦးတည်းဖြစ်၏

သူတို့၏ နီးကပ်သောပူးပေါင်းခြင်းကို လင်နှင့်မယားကဲ့သို့ ဥပစာတင်စား ပုံဖော်ရန် ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နှစ်ယောက်သောသူတို့သည် တစ်ယောက် တည်းဖြစ်လိမ့်မည်" (UDB) သို့မဟုတ် "နှစ်ယောက်မဟုတ်တောပါ၊ သို့သော် ခန္ဓာတစ်ခု အတူဖြစ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုရားသခင် တွဲဘက်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်

ဤအချက်ကို ပိုမိုရှင်းလင်းလွယ်ကူစွာ ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဘုရားသခင်သည် လင်နှင့်မယားကို အတူစုံဖက်ပေးတော်မူသဖြင့်၊ လူတို့သည် မခွဲပါစေနှင့်" (ရှု၊ rc://*/ta/man/translate/figs-explicit)