my_tn/mrk/10/05.md

2.2 KiB

ယေရှုကလည်း၊ "... ထိုပညတ်ကို ရေးထားသတည်း"

အချို့ဘာသာစကားတို့သည် သင့်ကို စာရေးသားရာ၌ ပြောသူအား ကိုးကားထားသောစာ၏ အလယ်တွင် ဖော်ပြထားရှိခွင့် ပြုမည်မဟုတ်ပေ။ သို့ဖြစ်လျှင်၊ သင်သည် ယေရှုကို ယေရှုကို ပြောသူအဖြစ် ဝါကျအစတွင် ရွေးထုတ်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုသည်၊ 'ဖြစ်သောကြောင့် ... ဤဥပဒေကို'" (ရှု၊ rc://*/ta/man/translate/writing-quotations)

သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် ... ရေးထားသတည်း

မောရှေသည် သူတို့၏ ဘိုးဘေးတို့အတွက် ယခုအချိန်တွင် လိုက်လျှောက်ရမည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ဘိုးဘေးတို့၏ စိတ်နှလုံးခိုင်မာသောကြောင့် သူသည် ဤဥပဒေတို့ကို ရေးသားခဲ့သည်"

သင်တို့စိတ်နှလုံး ခိုင်မာ

သူတို့သည် အလွန်ခေါင်းမာကြသည်ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ ခေါင်းမာခြင်း" (ရှု၊ rc://*/ta/man/translate/figs-idiom)

ဘုရားသခင် ... ဖန်ဆင်းတော်မူ၏

"ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းတော်မူသည်"