my_tn/mrk/09/45.md

2.8 KiB

သင်၏ခြေသည် သင့်ကို မှားယွင်းစေလျှင်

ဤနေရာတွင် "ခြေ" ဟူသောစကားလုံးသည် သင်၏ခြေဖြင့်ပြုချင်သကဲ့သို့ အပြစ်တစ်စုံတစ်ရာ ပြုလိုသောဆန္ဒပြင်းပြခြင်းကို အစားထိုးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ခြေတစ်ဖက်ဖြင့် သင်သည် အပြစ်တစ်စုံတစ်ရာကို ပြုချင်လျှင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်

"ခြေကျိုးပြီး အသက်ရှင်ခြင်းသို့ ဝင်လျှင်" သို့မဟုတ် "အသက်ရှင်ခြင်းသို့ မဝင်မီ ခြေကျိုးပြီး"

အသက်ရှင်ခြင်းသို့ ဝင်စားသော်

သေခြင်းနှင့် ထာဝရအသက်တာ အစပြုခြင်းကို အသက်ရှင်ခြင်းသို့ ဝင်စားသကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရအသက်ရှင်ခြင်းသို့ ဝင်စားခြင်း" သို့မဟုတ် "သေလွန်ပြီးနောက် ထာဝရအသက်ကို အစပြုခြင်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ချို့တဲ့

"လွယ်ကူစွာ လမ်းမလျှောက်နိုင်။" ဤနေရာတွင် ခြေတဖက်မရှိသောကြောင့် လမ်းလျှောက်ရန် မဖြစ်နိုင်သည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခြေတစ်ဖက် မရှိဘဲ" သို့မဟုတ် "ခြေတစ်ဖက် မပါပဲ"

ငရဲအတွင်း ... ချခြင်းကို ခံရသည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သင့်ကို ငရဲတွင်းသို့ ပစ်ချသည်ထက်" (ရှု၊ rc://*/ta/man/translate/figs-activepassive)