my_tn/mrk/09/11.md

5.3 KiB

ဆက်စပ် ဖော်ပြချက်

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ယေရှုက "သေခြင်းမှ ထမြောက်ခြင်း" ကို မည်သည့်အဓိပ္ပာယ်ဖြင့် ပြောကြောင်း စဉ်းစားဆွေနွေးကြသော်လည်း၊ သူ့အကြောင်းကို မေးရမည့်အစား ဧလိယလာမည့်အကြောင်းကို မေးခဲ့ကြသည်။

ယေဘုယျ အချက်အလက်

UDB ဘာသာပြန်သည် အခန်းငယ် ၁၂ နှင့် ၁၃ ကို အခန်းဆက် ပေါင်းကူးရန် အသုံးပြုထားသည်၊ ယေရှု အချက်အလက်တို့ကို ပေးထားခြင်းသည် သူတို့ကို အစဉ်လိုက် ပြောခြင်းဖြင့် နားလည်ရန် ပိုမိုလွယ်ကူသည်။ (ရှု၊ rc://*/ta/man/translate/translate-versebridge)

တပည့်တော်တို့က မေးလျှောက်ကြလျှင်

"သူတို့" ဟူသောစကားလုံးသည် ပေတရု, ယာကုပ်နှင့် ယောဟန် တို့ကို ရည်ညွှန်းသည်။

ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်း

ရှေ့ဖြစ်ဟောဆရာများက ဧလိယသည် ကောင်းကင်မှ ပြန်လာမည်ဟု ဟောကိန်းထုတ်ထားသည်။ ထို့ပြင်ခရစ်တော် လူသားသည် အုပ်ချုပ်စိုးစံရန် ကြွလာတော်မူမည်။ အခြားရှေ့ဖြစ်ဟောချက်များ ဟောကိန်းထုတ်ထားသည်မှာ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်။ တပည့်တော်တို့သည် ဤဟောကိန်းနှစ်ခု မည်ကဲ့သိုမှန်ကန်လာမည်ကို စိတ်ရှုပ်ထွေးကြသည်။

ဧလိယသည် အရင်လာမည်

ကျမ်းပြုဆရာတို့သည် ခရစ်တော် ကြွမလာမီ ဧလိယသည် အရင်လာမည်ဟု ထင်မှတ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခရစ်တော် ကြွမလာမီ ဧလိယအရင်လာမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

လူသားသည်လည်း ... ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏

ယေရှုသည် သူ၏တပည့်တော်တို့ကို သွန်သင်တော်မူစဉ်၊ ဤမေးခွန်းကို မေးတော်မူ၍ သူ၏တပည့်တော်တို့အား အဖြေကိုလည် ပေးတော်မူသည်။ ဝါကရိုးအဖြစ်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော် ငါသည် သင်တို့ကို လူသားအကြောင်း ရေးသားချက်များကို စဉ်းစားဆင်ခြင်စေချင်ပါသည်။ ကျမ်းစာလာသည်မှာ သူသည် အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပစ်ပယ်ထားခြင်းကို ခံရမည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်

ဤဝါကျကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် သူ့ကို အသုံးမကျသော သူတစ်ယောက်ကဲ့သို့ ဆက်ဆံကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီ

မည်သို့သော လူများက ပြုကြသည်ကို ဖော်ပြလျှင် အထောက်အကူပြုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏ ခေါင်းဆောင်များက သူ့ကို ဆိုးရွားစွာ၊ သူတို့ စိတ်တိုင်းကျ ဆက်ဆံကြပြီ" (ရှု၊ rc://*/ta/man/translate/figs-explicit)