my_tn/mrk/08/33.md

4.8 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှု သေဆုံးရန်နှင့် ထမြောက်ရန် လက်မခံချင်သောကြောင့် ပေတရုကို ပြစ်တင်ဆုံးမ‌တော်မူပြီးနောက်၊ ယေရှုသည် သူ၏တပည့်တော်နှင့် ပရိတ်သတ်တို့ကို သူ၏နောက်တော်သို့ မည်ကဲ့သို့ လိုက်လျှောက်ရမည်အကြောင်း ပြောကြားတော်မူသည်။

အချင်း ရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့၊ သင်သည် ... စိတ်မစွဲလမ်း

ယေရှုက ပေတရုသည် ရန်သူကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်၊ အဘယ်ကြောင့်ဆိုသော် ပေတရုသည် ယေရှုကို ဘုရားသခင် စေလွှတ်၍ ဆောင်ရွက်စေတော်မူသော အမှုအား ပြီးမြောက်အောင်မြင်ခြင်းမှ တားဆီးရန် ကြိုးစားသောကြောင့်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသင် ရန်သူ၊ ငါ့ နောက်တွင် နေပါ၊ သင့်ကို ရန်သူဟု ခေါ်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အဆင်သင့်မဖြစ်သေးပါ" သို့မဟုတ် "ငါ့ နောက်တွင် ဆုတ်နေပါ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ရန်သူကဲ့သို့ ပြုမူနေသောကြောင့်ဖြစ်သည်၊ သင်သည် အဆင်သင့်မဖြစ်သေးပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့နောက်သို့ ဆုတ်လော့

"ငါ့အနီးတွင် မနေပါနှင့်"

ငါ၌ ဆည်းကပ်ခြင်း

ဤနေရာတွင် ယေရှုနောက်တော်သို့ လိုက်လျှောက်ခြင်းသည် သူ၏တပည့်တော် တစ်ယောက်ဖြစ်ခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ တပည့်တော် ဖြစ်ကြပါ" သို့မဟုတ် "ငါ့ တပည့်တော် တစ်ယောက် ဖြစ်ကြပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်

"သူ၏ စိတ်ဆန္ဒများကို အလျှော့မပေးရ" သို့မဟုတ် "သူ၏ စိတ်ဆန္ဒများကို ပစ်ပယ်ရမည်"

ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်

"သူ့လက်ဝါးကပ်တိုင် သူထမ်း၍ ငါ့နောက်သို့ လိုက်ပါစေ။" လက်ဝါးကပ်တိုင်သည် ဝေဒနာခံစားခြင်းနှင့် သေခြင်းကို ကိုယ်စားပြုသည်။ လက်ဝါးကပ်တိုင်ကို ထမ်းသည်ဟုဆိုရာတွင် ဝေဒနာခံစားရန်နှင့် အသက်သေရန် ဆန္ဒရှိနေကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝေဒနာခံစားခြင်းနှင့် အသက်သေခြင်းပင် ခံရသော်လည်း ငါ့အလိုကို လိုက်နာရမည်" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-metaphor]])

ငါ့နောက်သို့ လိုက်ရမည်

ဤနေရာတွင် ယေရှုနောက်သို့ လိုက်ခြင်းသည် သူ့စကားလိုက်နာခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့စကားကို နာခံရမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)