my_tn/mrk/08/27.md

2.4 KiB

ဆက်စပ်သောအချက်အလက်

ယေရှုနှင့် သူ၏တပည့်တော်တို့ ဖိလိပ္ပုကဲသရိမြို့ ၏ကျေးလက်သို့ ကြွသွားကြစဉ် ယေရှုသည် အဘယ်သူဖြစ်သနည်း ဟူ၍လည်းကောင်း၊ သူ၌ မည်သည့်အရာများ ဖြစ်လာမည်နည်း ဟူ၍လည်းကောင်း ပြောဆိုဆွေးနွေးကြသည်။

သူတို့က အဖြေပေး၍ သူ့ကို လျှောက်ကြသော်

"ထိုသူတို့သည် သူ့ကို အဖြေပေး၍၊ လျှောက်ကြားကြသော်၊"

ဗတ္တိဇံဆရာယောဟန်

ဤသည်မှာ လူအချို့က ယေရှုကို မည်သူဖြစ်သည်ဟု ပြောဆိုကြသည်ကို တပည့်တော်တို့မှ လျှောက်ကြားကြခြင်းဖြစ်သည်။ ပို၍ရှင်းလင်းစွာ ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဖြစ်သည်ဟု ဆိုကြသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

အချို့က ဆိုကြသည် ... အချို့က

"အချို့" ဟူသောစကားလုံးသည် အချို့သော လူတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ လပ်နေသော အချက်အလက်တို့ကို ဖြည့်စွပ်လျှင်လည်း အထောက်အကူ ဖြစ်စေနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသောသူတို့က ကိုယ်တော့်ကို ... အခြားသောသူတို့က ကိုယ်တော့်ကို" (ရှု၊ [[rc:///ta/man/translate/figs-explicit]] နှင့် [[rc:///ta/man/translate/figs-ellipsis]])