my_tn/mrk/08/14.md

3.1 KiB

ဆက်စပ်သောအချက်အလက်

ယေရှုနှင့် သူ၏တပည့်တော်များ လှေထဲတွင် ရှိနေစဉ်တွင် နိမိတ်လက္ခဏာများကို မြင်တွေ့ကြသော်လည်း ဖာရိရှဲနှင့် ဟေရုဒ်တို့က နားမလည်နိုင်သည့်အကြောင်း ဆွေးနွေးကြသည်။

"ကဲ၊ ခု"

ဤအာလုပ်စကားသည် အဓိကဇာတ်အိမ် တစ်ခန်းရပ်သည်ကို မှတ်သားရန် အသုံးပြုသည်။ ဤနေရာတွင် စာရေးသူသည် တပည့်တော်တို့၏ မုန့်ယူလာရန် မေ့လျော့သည့် နောက်ခံ အခင်းအကျင်းကို ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

မုန့်တစ်လုံးထက်ပို၍ မရှိပါ

အငြင်းပုဒ်စုဖြစ်သော "မရှိပါ" သည် သူတို့ထံ၌ရှိသော မုန့်သည် အလွန်ပင်နည်းသည်ကို အသားပေး၍ အသုံးပြုသည်။ အခြားသောဘာသာပြန်၊ "မုန့်တစ်လုံးတည်းသာ ရှိသည်" (ရှု၊ rc://*/ta/man/translate/figs-litotes)

သတိနှင့် ကြဉ်ရှောင်ကြ

ဤအသုံးနှစ်ခုတွင် တူညီသည့်အဓိပ္ပာယ်ရှိပြီး အသားပေးမှုအတွက် ဤနေရာတွင် ထပ်ဆင့်အသုံးပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်၊ "စောင့်ကြည့်ကြ" (ရှု၊ rc://*/ta/man/translate/figs-doublet)

ဖာရိရှဲတို့၏ တဆေးကို လည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း

ဤနေရာတွင် ယေရှုသည် သူ၏တပည့်တော်တို့ နားမလည်သည့် ဥပမာအသုံးဖြင့် မိန့်တော်မူသည်။ ယေရှုသည် ဖာရိရှဲနှင့် ဟေရုဒ်တို့၏ တဆေးအကြောင်း သင်ပေးခြင်းကို နှိုင်းယှဉ်ထားသည်။ သို့သော်လည်း သင်သည် ဘာသာပြန်ရာတွင် ရှင်းပြစရာမလိုပါ၊ အဘယ်ကြောင့်ဆိုသော် တပည့်တော်တို့ ကိုယ်တိုင်ပင် ထိုအရာကို နားမလည်ကြပါ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)