my_tn/mrk/07/31.md

3.2 KiB

ဆက်စပ်မှု ဖော်ပြချက်

တုရုမြို့တွင် လူအများကို အနာငြိမ်းစေတော်မူပြီးသော်၊ ယေရှုသည် ဂါလိလဲအိုင်သို့ ကြွတော်မူသည်။ ထိုနေရာတွင် နားမကြားသောသူအား ကုသပေးတော်မူပြီး၊ လူတို့ကို အံ့အားသင့်စေပါသည်။

တစ်ဖန် လျောက်သွားတော်မူသည်

"ပြန်လှည့်လာသည်"

ပြည်နယ်ကို လျှောက်သွားသဖြင့်

ဖြစ်တန်ရာသော အဓိပ္ပာယ်များမှာ ၁) "ပြည်နယ်ကို" ယေရှုသည် ဒေကာပေါလိပြည်နယ်တွင် ရှိနေသကဲ့သို့လည်းကောင်း သို့မဟုတ် ၂) "ပြည်နယ်မှတစ်ဆင့်" ယေရှုသည် ဒေကာပေါလိပြည်နယ်မှတစ်ဆင့် ပင်လယ်ဘက်သို့ ဖြတ်သန်းသွားသကဲ့သို့လည်း ဖြစ်နိုင်သည်။

ဒေကာပေါလိ

ပြည်နယ်တစ်ခု၏ အမည်ဖြစ်ပြီး မြို့ဆယ်မြို့ဟူ၍ အဓိပ္ပာယ်ရသည်။ ဂါလိလဲရေအိုင်၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။ ၅:၁၈ တွင် သင်သည်မည်ကဲ့သို့ အနက်ပြန်သည်ကို ကြည့်ပါ။ (ရှု၊ rc://*/ta/man/translate/translate-names)

အထံတော်သို့ ဆောင်ခဲ့၍

"လူတို့သည် ခေါ်ဆောင်ခဲ့၍"

နားပင်းသောသူ

"မကြားနိုင်သောသူ"

လက်တော်ကို တင်ပါမည်အကြောင်း

"လက်တော်တို့ကို တင်ခြင်း" သည် ပရောဖက်တစ်ပါး သို့မဟုတ် ဆရာတစ်ယောက်သည် တစ်စုံတစ်ယောက်၏ ဦးခေါင်းပေါ်တွင် လက်တင်၍ အနာငြိမ်းစေခြင်း သို့မဟုတ် ကောင်းကြီးပေးခြင်း စသည်တို့ ပြုသည်ကို ရည်ညွှန်းသည်။ ဤကိစ္စတွင်၊ လူအများတို့သည် ယေရှုက လူတစ်ဦးကို ကုသပေးရန် တောင်းလျှောက်နေကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အနာငြိမ်းစေရန်အတွက် သူ့အပေါ်တွင် လက်တင်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)