my_tn/mrk/07/27.md

2.1 KiB

ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်

ဤနေရာတွင် ယေရှုသည် ယုဒလူတို့၏အကြောင်းကို သူတို့သည် သားသမီးများကဲ့သို့လည်းကောင်း၊ အခြားသောအမျိုးသားတို့ကို ခွေးကဲ့သို့လည်းကောင်း ပြောဆိုသုံးနှုန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလ သားသမီးတို့ကို ရှေးဦးစွာကျွေးမွေးပါရစေ။ သားသမီးတို့၏ အစာကို ယူ၍ ခွေးနှင့်တူသော အခြားအမျိုးသားတို့ကို ပစ်ပေးရန် မဖြစ်နိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ

ကတ္တားကို ပြုသူအဖြစ် ဖော်ပြရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့သည် ဣသရေလ သားသမီးတို့ကို ရှေးဦိးစွာ ကျွေးမွေးရမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မုန့်

သာမန်အားဖြင့် အစားအစာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစာ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ခွေးများ

အိမ်မွေးတိရစ္ဆာန်ကဲ့သို့ မွေးထားသော ခွေးကလေးများကို ရည်ညွှန်းသည်။