my_tn/mrk/07/14.md

3.4 KiB

ဆက်စပ်သောအချက်အလက်

ယေရှုသည် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့ကို မိန့်ကြားခဲ့သော အကြောင်းအရာတို့ကို လူအစုအဝေးတို့ နားလည်သဘောပေါက်ရန်အလို့ငှာ ပုံဥပမာတစ်ခုကို မိန့်ကြားတော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-parables)

အထံတော်သို့ ခေါ်၍

"ယေရှုက ဖိတ်ခေါ်၍"

သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့

"နားထောင်" နှင့် "နားလည်" ဟူသော စကားလုံးသည် ဆက်စပ်မှုရှိသည်။ ယေရှုသည် ဤအသုံးနှစ်ခုကို တရားနာပရိတ်သတ်တို့ သူ၏မိန့်ကြားတော်မူချက်အား စိတ်ဝင်စားကြရန် ယှဉ်လျက် အလေးပေး၍ အသုံးပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

နားလည်

ယေရှုက မိန့်ကြားတော်မူမည့် တရားတော်ကို သဘောပေါက်နားလည်ကြမည်အကြောင်း ဖော်ပြရာ၌ အထောက်အကူဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ပြောမည့် အကြောင်းအရာကို နားလည်သဘောပေါက်ရန် ကြိုးစားကြပါ" (UDB) (ရှု၊ rc://*/ta/man/translate/figs-ellipsis)

လူပြင်မှလာ၍ လူအတွင်းသို့ ဝင်လျက်

ယေရှုသည် တစ်ယောက်ယောက်၏ စားသောက်သည့်အကြောင်းကို ပြောဆိုသည်။ ဤအရေးအသားသည် "လူအတွင်းမှ ထွက်သောအရာ" နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူပြင်မှ လာနိုင်သော အရာတစ်စုံတစ်ခုမျှ မရှိ" (ရှု၊ rc://*/ta/man/translate/figs-explicit)

လူအတွင်းမှ ထွက်သောအရာ

ဤအရေးအသားသည် လူတစ်ယောက်၏ ပြုသော သို့မဟုတ် ပြောသော အရာတို့ကို ရည်ညွှန်းသည်။ ဤအရေးအသားသည် "လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်" နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတစ်ယောက်၏ ခန္ဓာအတွင်းမှ ထွက်၍ ပြုသော သို့မဟုတ် ပြောသော အရာဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)