my_tn/mrk/07/11.md

3.2 KiB

ယေဘုယျအချက်အလက်

UDB ဘာသာပြန်သည် ယေရှုက ဖာရိရှဲတို့ကို မိန့်တော်မူသော အကြောင်းအရာတို့ကို ပိုမိုရှင်းလင်းရန် အခန်းငယ် ၁၁ နှင့် ၁၂ ကို ပေါင်းကူးပြုလုပ် အသုံးပြုထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-versebridge)

သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏

ကျမ်းပြုဆရာတို့၏ ထုံးတမ်းစဉ်လာတွင် ဗိမာန်တော်သို့ လှူရန် ကတိပြုထားသော ဝတ္ထုငွေနှင့် ပစ္စည်းတို့ကို၊ ထိုသူတို့သည် အခြားသော ရည်ရွယ်ချက်ဖြင့် အသုံးမပြုရပါ။

ကော်ဘန်

ဤနေရာတွင် ကျမ်းရေးသူသည် ဟေဗြဲစကားဖြင့် တစ်စုံတစ်ခုကို ရည်ညွှန်းသည်။ ဤစကားလုံးကို သင်တို့၏စကားတွင် အသုံးပြုသော အက္ခရာဖြင့် သံတူပွား၍ ရေးသားရာသည်။ (ရှု၊ rc://*/ta/man/translate/translate-transliterate)

ဘုရားထံလှူသော ဝတ္ထု

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်မှ ဘုရားသခင်ကို ပေးလှူပြီးသော ဝတ္ထု" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍

ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့်၊ ဖာရိရှဲတို့သည် လူအများတို့အား မိဘကို လုပ်ကျွေးခြင်းမပြုကြရန် ခွင့်ပြုနေကြသည်၊ ဘုရားသခင်ကို ပေးလှူရန် ကတိပြုထားလျှင် အဘယ်ကြောင့် သူတို့ကိုပေးကမ်းရမည်နည်း။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ပယ်ကြ၏

"အစီအစဉ်ဖျက်သည်" သို့မဟုတ် "ဘေးချိတ်ထားသည်"

ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်

"သင်တို့သည် ဤကဲ့သို့ တူညီသောအရာများကို ပြုကျင့်ကြသည်"