my_tn/mrk/06/53.md

2.4 KiB

ဆက်စပ်မှု ဖော်ပြချက်

သခင်ယေရှုနှင့် တပည့်တော်တို့သည် ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက်၍ လှေကို ဆိုက်ကြ၏။ လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။ ဤအမှုအရာသည် သခင်ယေရှု သွားသည့်နေရာတိုင်း ဖြစ်ပျက်နေခဲ့သည်။

ဂင်္နေသရက်နယ်

ဂင်္နေသရက်နယ်သည် ဂါလိလဲအိုင်၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊

လူများတို့သည် သခင်ယေရှု၏ မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊

ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍

သခင်ယေရှုထိုအရပ်၌ရှိကြောင်းကို ကြားပြောရန် ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့ ပြေး၊ သူတို့ကြား

သူတို့ ဆိုသည့် စကားသည် မျက်နှာတော်ကို မြင်၍ ချက်ခြင်းမှတ်မိသောသူများကို ရည်ညွှန်းပါသည်။

လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။

ရောဂါသည်များကို ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-nominaladj)